အခန်း(၃၀)

1.2K 94 7
                                    

မမလှကလည်း နွဲ့ကို ကူညီခဲ့သည်။ ဆရာယစ်နှင့် ချမ်းကဲ့သို့ပင် နွဲ့ ပြောင်းရွှေ့ခွင့်တင်ခဲ့သည် ထင်နေ၍ မမလှကို ချော့မော့ရသေးသည်။ မမလှ စိတ်ပြေကာ

“မမ မပင်ပန်းရင် လုပ်ပါ မမရယ်။ ဆေးရုံအတွက် အလှူငွေလည်း ထည့်ခိုင်းရအောင်လေ။ ကျွန်မလည်း ကူပါမယ်” ဟု အားတက်သရော ပြောခဲ့သည်။ သို့နှင့် နွဲ့ ခွဲစိတ်ခန်းကို နေ့တိုင်းလိုပင် ဖွင့်ဖြစ်နေခဲ့သည်။ ဆေးရုံ၊ ဆေးခန်းအလုပ်တွေ ပိနေ၍ အိမ်မှာ ပစ္စည်းသိမ်းဆည်းဖို့က ညဘက်မှ သိမ်းဆည်းရသည်။ နွဲ့မှာ တစ်အိမ်လုံးကို ကြည့်ပြီး ရင်မောလှသည်။ သားနှစ်ယောက်ရဲ့ ပစ္စည်းတွေကပင် စိတ်မောစရာ တစ်ပုံတစ်ပင်။ စာအုပ်တွေ၊ ကစားစရာတွေများပြားလှလေ၏။ အားချိန်အနည်းငယ်လေးထဲမှာပင် ပစ္စည်းတွေ တစ်ခုပြီးတစ်ခု မဆုံးနိုင်အောင် ကောက်သိမ်းနေရတော့ပေ၏။

“ဒေါ်ယဥ်နွဲ့ခိုင်၊ ကျွန်တော်တို့ ဘာကူညီရမလဲ”

အသံနှင့်အတူ ဆရာဦးယဉ်မျိုးနှင့် ချမ်းတို့ အိမ်ပေါ်တက်လာခဲ့ကြသည်။

နွဲ့က စည်သူ၏ စာအုပ်တွေနှင့် ညီသူရဲ့ ကစားစရာပစ္စည်းများကို ထင်းရှူးသေတ္တာထဲ စီထည့်နေသည်။ တိုးတိုးနှင့် မစိမ်းညိုကို မီးဖိုချောင်ပစ္စည်းများ သိမ်းဆည်းထုပ်ပိုး ထည့်ခိုင်းထားသည်။ အိမ်ရှေ့ဧည့်ခန်းမှာ နွဲ့စာအုပ်တွေလည်း ပြန့်ကျဲနေသည်။ စည်သူ၊ ညီသူရဲ့ အဝတ်အစားတွေလည်း ပါလေ၏။ ထင်းရှူးသေတ္တာနှစ်လုံးနှင့် သံသေတ္တာသုံးလုံးက ပွင့်ဟနေကာ အားလုံး ထည့်လက်စတွေ ဖြစ်နေခဲ့လေ၏။

“လာ၊ ဆရာတို့ရေ …. ကြည့်ပြီးတော့သာ ထိုင်ကြပေတော့။ တစ်အိမ်လုံးတော့ ရှုပ်ပွနေတာပဲ”

သူတို့က ဧည့်ခန်းဆက်တီမှာ မထိုင်ခဲ့ပေ။ နွဲ့အနီး ကြမ်းပြင်မှာ လာထိုင်ကြသည်။

“ဒေါ်ယဥ်နွဲ့ခိုင်ရဲ့ ပိုင်ဆိုင်မှု အခန်းကဏ္ဍတွေကလည်း မနည်းပါလား”

“ဟုတ်တယ် ဆရာ။ ကလေးနှစ်ယောက်ပစ္စည်းတွေကတင် မနည်းဘူး။ သူတို့မရှိတော့ ဘယ်ပစ္စည်း သူတို့မလိုချင်မှန်း မသိတော့ အားလုံးကောက်ထည့်နေရတာ နှစ်ကြာသွားတော့ လိုတာဖြည့်ရင်း ပစ္စည်းတွေက ပြောင်းမယ်ဆိုမှ များလိုက်တာ။ ဘယ်လိုများ သိမ်းလို့ပြီးမလဲ မပြောတတ်တော့ဘူး”

ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)Donde viven las historias. Descúbrelo ahora