အခန်း(၂၇)

1.1K 83 6
                                    

သီရေတာဒေး။ သည်နေ့ ခွဲစိတ်ခန်းဝင်ရဖို့ နွဲ့ စိတ်ပေါ့ပါးလန်းဆန်းလှသည်။ ပျော်ရွှင်မှုလေးပင် စွက်နေခဲ့သေး၏ ။ စည်သူ၊ ညီသူစာမေးပွဲ၊ စည်သူနှင့် ပဋိပက္ခ၊ ချမ်းကို ခွဲစိတ်ရသည့်ကိစ္စ၊ အခု နောက်ဆုံးတော့ နွဲ့စစ်ဆေးမေးမြန်းခြင်းခံရသည့် ကိစ္စတွေထဲမှာ ဗုဒ္ဓဟူးနေ့ သီရေတာဒေးများကို ကျော်ဖြတ်မြဲဖြစ်ပေမယ့် နွဲ့စိတ်တွေ တက်ကြွလန်းဆန်းမှုမရှိ။ တာဝန်ကျေအောင်၊ အမှားအယွင်းမရှိအောင် အထူးသတိထား ခွဲစိတ်နေရသလိုရှိခဲ့သည်။ စိတ်တွေ လေးလံပြီး ကိုယ်က ဖျတ်လတ်စွာ လှုပ်ရှားနေရတာ တစ်မျိုးပင်ပန်းလေ၏ ။ ခုတော့ ထိုအရိပ်တွေကနေ ကင်းပပြီးသော ပထမဆုံးခွဲစိတ်ရက်ပေ။

ထုံးစံအတိုင်း နွဲ့ စောစောရောက်လာခဲ့လေ၏။ ဆရာဦးမြင့်ဟန်၏ မိဘများစေတနာ ခွဲစိတ်ခန်းက ကျယ်ဝန်းကာ ဆေးအသစ်နဲ့ အစဉ်ရနေခဲ့သည်။ နံရံဖြူဖြူများ ဖြူလင်းကာ အစွန်းအထင်းမရှိ သန့်ရှင်းစင်ကြယ်နေစေခြင်းက မမလှရဲ့ စည်းကမ်းစနစ်ပေ။ ပိုးသတ်ဆေးနံ့သင်းနေသော သီရေတာအနီးသို့ ရောက်ခဲ့လျှင်ပင် နွဲ့စိတ်တွေ ပိုနွေးထွေးထက်သန်လာခဲ့သည်။ နွဲ့ ဘွဲ့လွန်သင်တန်း တက်ရောက်ခဲ့သော ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ခွဲစိတ်ခန်းထက်ပင် သည်မြေလတ်ခွဲစိတ်ခန်းလေးကို နွဲ့စွဲလမ်းချစ်ခင်သေး၏ ။ ခွဲစိတ်ခန်းအဝင်မှာ ဖိနပ်ချွတ်လဲရင်း ခွဲစိတ်ခန်းထဲသို့ လှမ်းအော်နှုတ်ဆက်ခဲ့သည်။

“မမလှရေ၊ နွဲ့ရောက်ပြီနော်။ ပြီးတာနောက်ကျရင် နွဲ့ကြောင့် မဟုတ်ဘူး။ နွဲ့ကတော့ ထုံးစံအတိုင်း အစောဆုံးလာတာ”

မမလှကို အသံမြူးမြူးဖြင့် နှုတ်ဆက်ခဲ့တော့ လူကိုတော့ မမြင်ရ။ သံမဏိထည်သံတွေနှင့်အတူ အသံပဲ ပြန်ကြားရလေ၏။

“ဒီတစ်ခါတော့ မမ အစောဆုံး မဟုတ်ဘူးတော်။ ကျွန်မထက်စောတဲ့သူ ရှိနေလို့ ညကတည်းက သီရေတာရှေ့များ လာစောင့်အိပ်သလား မသိဘူး”

အသံတွေ ကြားနေရ၍ အစောဆုံးရောက်နေသူက နားနေခန်းအဝမှ ထွက်လာနှုတ်ဆက်လေ၏။

“ဂွတ်မောနင်း မမနွဲ့”

သူ့ပြုံးသဲ့သဲ့မျက်နှာကို မိန်းမပီပီသသ မျက်စောင်းလိုက်ချင်စိတ်ကို မျိုသိပ်ကာ နွဲ့ သူ့ကိုပြန်လည်နှုတ်ဆက်ရလေ၏။

ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)Wo Geschichten leben. Entdecke jetzt