အခန်း(၁၂)

1.1K 81 0
                                    

တစ်ပတ် ကြာမြင့်သွားခဲ့သည်။

နောက်တစ်ကြိမ် ခွဲစိတ်ရက်ဖြစ်သော ဗုဒ္ဓဟူးနေ့သို့ ရောက်လာခဲ့သည်။ Operation List တွင် အကြီးစားခွဲစိတ်မှု သုံးခုနှင့် အသေးစားခွဲစိတ်မှု လေးခု တင်ထားခဲ့သည်။ ဆာဂျင် ဒေါ်ယဥ်နွဲ့ခိုင်က အကြီးစားခွဲစိတ်မှု နှစ်ခု၊ ဒေါ်မူယာက အသေးစားခွဲစိတ်မှု နှစ်ခုနှင့် ကျန်ခွဲစိတ်မှုများက ခင်ငြိမ်းချမ်း ရှင်းရမည့် ကေ့(စ်)များပေ။ ဆာဂျင်၏ လက်ထောက်ခွဲစိတ်မှုအဖြစ်လည်း ချမ်း ဝင်ပေးရမည်။

ပထမဆုံးလူနာမှာ ဘေလုံးအကြီးကြီး ရှိနေခဲ့သည်။ ထိုဘေလုံးကို ခွဲထုတ်ရမှာ ဖြစ်သည်။ ပထမဆုံးလူနာဖြစ်၍ ဆရာဦးမြင့်ဟန်ပါ ထုံးစံအတိုင်း ရှိနေခဲ့သည်။ ဆာဂျင်၏ မြန်ဆန်သွက်လက် နည်းစနစ်ကျလှသော လက်များက လူနာရဲ့ လက်ဝဲဘက် ဗိုက်အပေါ်ခြမ်း ဘေလုံးနေရာတွင် ခွဲစိတ်ဓားရာ စပေးလိုက်စဉ် သီရေတာတံခါးက ရုတ်တရက် ပွင့်သွားခဲ့သည်။ အလုပ်လုပ်နေသူတွေ အနှောင့်အယှက်မဖြစ်ဖို့ တံခါးကို ဂရုတစိုက် အသံမမြည်အောင် ဖွင့်ကြပိတ်ကြလေရှိမြဲဖြစ်သော ယဉ်နွဲ့ခိုင်၏ ခွဲစိတ်ဆောင်တွင် ထိုသို့ အကြမ်းပတမ်း လှုပ်ရှားတတ်သူမှာ တစ်ဦးသာရှိလေသည်။ သူတော့ မဖြစ်နိုင်သေးဟု ထင်ထားလျက် စိတ်အနှောင့်အယှက်ဖြစ်စွာ မော်ကြည့်မိလျှင် ဝင်လာသူက ထိုတစ်ဦးပင်ဖြစ်သော ဒေါက်တာယဉ်မျိုးပေ။ အသံဝါကြီးဖြင့် ..

“ဂွတ်မောနင်းဗျား။ သီရေတာဒေးဆိုတော့ အားလုံး သီရေတာထဲမှာပဲ ရှိမယ်ဆိုပြီး လာခဲ့တာ”

“ဟော၊ ဆရာယစ်မျိုး၊ လေယာဉ်ပျံသံလည်း မကြားလိုက်ပါလား”

“ငယ်ချစ်ကလေးနဲ့ ခွဲလိုက်ရလို့ ထင်တယ်။ ဆရာယစ် ဝလာတယ်”

“ပြန်လာတော့မယ် ကြားကတည်းက ကျုပ်တို့က မျှော်နေတာပါတော်။ မျက်ခုံးလေးတွေ တလှုပ်လှုပ်နဲ့"

အိုတီထဲမှာ ဝမ်းပန်းတသာ နှုတ်ဆက်သံတွေ ဆူညံသွားခဲ့သည်။

“ဆရာ ဘာနဲ့လာခဲ့သလဲ။ ရထားဆိုက်ချိန်လည်း မဟုတ်ပါဘူး”

“ကျွန်တော် ညကားကြုံနဲ့ လိုက်ခဲ့တာပါ ဆရာကြီး၊ ဆရာကြီး နေကောင်းတယ်နော်”

ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)Donde viven las historias. Descúbrelo ahora