အခန်း(၁၄)

922 70 0
                                    

ချမ်းရဲ့ ဂျူတီတစ်ညတွင် နွဲ့သို့ သူ အကူအညီ လှမ်းခေါ်ယူသည့်စာ ဖတ်ရလေ၏။ မီးမဖွားနိုင်ဘဲ အပြင်မှာ ၃-ရက် ကြာလာသော လူနာ။ သားအိမ်ကွဲသည်ဟု ထင်ရဟု အကြောင်းကြားစာတွင် နွဲ့ ဖတ်ရလေသည်။ နွဲ့ စည်သူ့ကို စာသင်နေရာက ထ,ရသည်။ မေမေလည်း ရောက်နေသည်မို့ နွဲ့စိတ်မချစွာ မေမေ့ကို မှာမိသည်။

“ည ၁၁-နာရီအထိ စည်သူ၊ ညီသူ စာကြည့်စားပွဲက မထပါစေနဲ့ မေမေ။ ညီသူဆိုရင် နွဲ့လစ်တာနဲ့ သူ ပျင်းပြီ”

“စိတ်ချသွားပါ။ မေမေ ရှိသားပဲ”

မေမေ ရောက်ခဲ့ရင် နွဲ့လည်း အိမ်ကို စိတ်ချကာ စည်သူ၊ ညီသူလည်း အဘွားကို ချွဲနွဲ့ ပျော်ရွှင်ကြသည်။ သည်တစ်ခေါက်မှာ စည်သူ စာမေးပွဲဖြေပြီးသည်အထိ မေမေ နေမည်။ အဘိုး၊ အဘွားက မြေးနှစ်ယောက်ကို ရန်ကုန် ခေါ်ယူချင်သည်။ ရန်ကုန်မှာ ကျောင်းထားစေချင်သည်။ နွဲ့ကို ဆေးရုံအလုပ်၊ ဆေးခန်းအလုပ်တွေထဲ စိတ်လွတ်လပ်စွာ မြှုပ်နှံစေချင်သည်။ နွဲ့ရည်မှန်းထားသည့် နိုင်ငံခြားဘွဲ့လွန်အတွက်လည်း စာကျက်နိုင်မည်။ နွဲ့ကမူ နွဲ့တစ်ဆင့်တက်ဖို့ထက် သားတွေကို ဦးစားပေးဖို့ စဉ်းစားထားသည်။

စည်သူ၊ ညီသူတို့ဖေဖေ နိုင်ငံခြားဘွဲ့လွန်အတွက် ပြည်တွင်းမှာ ဖြေဆိုရသော အကြိုစာမေးပွဲအောင်ခဲ့ပြီ ကြားရတော့ နွဲ့အနည်းငယ် တုန်လှုပ်ခဲ့မိသည်။ သူ့ရဲ့ ဒုတိယအိမ်ထောင်နှင့် သမီးတွေရခဲ့ပြီးပေမယ့် ကလေးတွေက ငယ်သေးသည်။ သူ့မှာ တာဝန်ပေါ့ပါးလှသည်။ အရေးမကြီးပါ။ စည်သူ ဆေးကျောင်းရောက်ပြီးမှ နွဲ့ စာမေးပွဲဆက်ဖြေမည်။ ဖြေရင်လည်း နွဲ့ အောင်မြင်မည်ဟု ယုံကြည်သည်။ ပြည်ပဘွဲ့ လွန်အတွက် အခွင့်အလမ်းပေါ်တိုင်း နွဲ့ဆရာများက နွဲ့ထံ အကြောင်းကြားပေးကြသည်ကို ကြည့်လျှင် သူမအပေါ် အားထားယုံကြည်မှုကို သိရှိနိုင်လေသည်။ ခွဲစိတ်ကုပါရဂူဘွဲ့ ကို တစ်နေ့မှာ နွဲ့ ပိုင်ဆိုင်ရလိမ့်မည် ။ သူ သမားတော်ကြီးဘွဲ့ ရသည်ထက် နှစ်အနည်းငယ် နောက်ကျရုံရှိမည်လေ။ စည်သူ့ ဆယ်တန်းစာမေးပွဲကသားဘဝ အတွက်သာမက အမေ့ဘဝအတွက်ပါ အရေးပါသော စာမေးပွဲပါပဲ။ သည်အတွက် နွဲ့ လုပ်သက်ခွင့်တင်ခဲ့သည်။ ဆရာဦးမြင့်ဟန်က လက်မခံခဲ့။

ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)Место, где живут истории. Откройте их для себя