အခန်း(၃၁)

1.6K 107 5
                                    

“စာရင်းတွေလည်း တော်တော်ပြီးပါပြီ။ မနက်ဖြန်တော့ အဆင်သင့်ဖြစ်မှာပါ"

“ရပါတယ်။ ဒေါက်တာ ရဲညွန့်သွင်လာမှ over ပေးရမှာပဲ။ အချိန်ရပါတယ်”

“မမနွဲ့ အခု အဲဒီစာရင်းတွေအတွက် လာတာ မဟုတ်ဘူးလား”

“ဟင့်အင်း”

နွဲ့ကို ဒီတော့မှ ချမ်း အံ့အားသင့်သလို ကြည့်လေ၏။

“ကိုယ် သီရေတာကို လာကြည့်တာပါ"

ချမ်း ဖြည်းညင်းစွာ နေရာက ထလေသည်။ သူ နွဲ့ရင်ထဲ လှုပ်ရှားခံစားနေရသည်များကို နားလည်လာခဲ့ဟန်ဖြင့် ….

“ကျွန်တော် အပြင်ထွက်ပေးရမလား မမနွဲ့”

“ရပါတယ်”

ချမ်း နွဲ့ကို ငေးကြည့်နေခဲ့သည်။ သူမ လှုပ်ရှားနေပုံများက စိတ်မှတ်မဲ့သလို ရှိနေခဲ့သည်။ သီရေတာနံရံနှင့်ကပ်လျက် စင်ကလေးများကို လက်ဖြင့် တို့ထိဆွဲလာခဲ့သည်။ သီရေတာထဲမှာ သူမ မထိတွေ့ဖူးသည့် နေရာများ ကျန်ပါဦးမလား။ သီရေတာ သန့်ရှင်းရေးအတွက် နွဲ့ကိုယ်တိုင် ထဘီတိုတိုဝတ်ကာ ဆပ်ပြာတွေ၊ ဖီနိုင်တွေ အမြှုပ်ဖွေးဖွေးထအောင် တံမြက်စည်းရှည်ကိုင်ကာ လှည်းကူပေးခဲ့တဲ့ အကြိမ်တွေလည်း မနည်းတော့ဘူးလေ။

မျက်နှာကျက်ပဲ နွဲ့ မတို့ထိမိဘဲ ကျန်ကောင်းကျန်မည်။ နွဲ့ ပြုံးလိုက်မိလျက် ...

“တစ်ခါတုန်းက တံတားပေါ်က လိမ့်ကျတဲ့ ပေးရှင့်တစ်ယောက် လက်ပြင်ထဲမှာ စို့ရိုက်ထားသလို သစ်သားချွန်တစ်ခု စူးဝင်သွားခဲ့တာ။ အဲဒါကို ထုတ်လည်းထုတ်ယူရော Artery (သွေးလွှတ်ကြော)တစ်ခုက သွေးတွေ ပန်းထွက်ခဲ့တာ။ မျက်နှာကျက်တောင် စင်တယ်ကွာ။ ကိုယ်လည်း စမ်းလိုက်ရတာ ချွေးကို နစ်ရောပဲ။ အဲဒီတုန်းက ချမ်း ရောက်ပြီလားဟင်”

“မရောက်သေးဘူး မမနွဲ့”

“ဟုတ်တယ်လေ ... ကြူကြူနဲ့ပေါ့ ”

နွဲ့ ငြိမ်သက် စဉ်းစားသွားခဲ့ပြန်သည်။ စင်ကလေးပေါ်မှာ လက်ညှိုးလေးဖြင့် ပွတ်သပ်ဆွဲခဲ့ရင်း Instruments တွေ ထည့်သည့် Drum ကြီးများအနီးသို့ ရောက်လာခဲ့သည်။ သိပ်မမိတော့ဘဲ အံချော်နေတဲ့ Sponge Forcep ထိုးညှပ်နှစ်ချောင်းကို မထိနဲ့ မမိ ဟု နွဲ့ အမည်ပေးထားကာ မမလှကို ထုတ်လိုက်ပါ၊ မသုံးနဲ့တော့ ပြောလို့မရ။ ရှားပါးပစ္စည်း မမရဲ့” ဟု ဆိုကာ သူ့ညှပ်နှစ်ချောင်းကို အစဉ်ပွဲထုတ်တတ်လေ၏။ ကြာတော့ နွဲ့က မထိနဲ့ မမိရဲ့ အထာကို သိလာရသည်။ သို့ပေမယ့် ထိုညှပ်နှစ်ချောင်းက အထာမသိသော ချမ်းနှင့် ဆရာယစ်တို့ကို ဒုက္ခပေးတတ်သေးဆဲ။

ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)Where stories live. Discover now