အခန်း(၅)

1.4K 86 0
                                    

နွဲ့အား နားလည်မည့်သူကို မမလှတစ်ယောက်ထက် ပိုလို့ မျှော်လင့်မထားမိခဲ့ပေ။ အခွန်ဦးစီးဌာနမှ ဝန်ထမ်းဖြစ်သော ခင်ပွန်းသည်၊ သမီးလေးတစ်ယောက်နှင့် အေးချမ်းသည့် မိသားစုကို မမလှ ပိုင်ဆိုင်ထားခဲ့သည်။ နွဲ့လို အိမ်ထောင်ရေးအဆင်မပြေသူ အမျိုးသမီးတစ်ယောက်ဘ၀အား မမလှ နားလည်သည်ကိုပဲ နွဲ့က ကျေးဇူးတင်လှပြီ။

ဆရာဦးမြင့်ဟန်နှင့် ဒေါက်တာမောင်မောင်အေး၊ ကြူကြူတို့ရဲ့ နွဲ့အပေါ် နားလည်မှုကိုမူ များစွာမျှော်လင့်မထားမိခဲ့ပေ။ မျှော်လင့်သည်ထက်စော၍ မြေလတ်ဆေးရုံတွင် နွဲ့ အောင်မြင်ခဲ့ခြင်းမှာ အလုပ်ခွင်အတွင်း အဆင်ပြေချောမွေ့သော ပံ့ပိုးမှုများကြောင့်ပါပဲ။ နွဲ့ အလုပ်တွေ မရပ်မနားလုပ်နိုင်ခဲ့လေသည်။

နွဲ့ဘဝသည် ဒေါက်တာယဥ်နွဲ့ခိုင်ရဲ့ အလုပ်ကို မထိခိုက်စေရဟု နွဲ့က ခံယူထားခဲ့သည်။ သာမန်ဖြစ်တတ်သော အမှားအယွင်းမျှကိုပင် နွဲ့ကိုယ်နွဲ့ ခွင့်မပြုနိုင်။ ယဉ်နွဲ့ခိုင်သည် ပျက်ပြားခဲ့သော အိမ်ထောင်တစ်ခုရဲ့ အိမ်ရှင်မ၊ သားတို့၏ မေမေအဖြစ် ခွဲစိတ်ကုတင်ထက်က လူနာများကို ခွဲစိတ်ကုသနေခြင်းမဟုတ်ခဲ့။ အလွန် အလုပ်ကြိုးစားသော၊ အလွန်ကျွမ်းကျင်သော၊ ပေါ့လျော့မှု လုံးဝမရှိသော ခွဲစိတ်အထူးကုဆရာဝန်တစ်ဦးအဖြစ် လူနာများကို ခွဲစိတ်ကုသပေးနေသူသာ ဖြစ်စေရမည်လေ။

ခွဲစိတ်ခန်းဝင် ဝတ်စုံအထပ်များအောက်က နွဲ့ ရဲ့ တစ်ခါက နှလုံးသားရေးရာကို ကြားသိခဲ့လျှင် နွဲ့ကို မယုံနိုင်သလို အကြည့်များက မျက်နှာတွေများစွာပေါ်မှာ အထင်းသားပေါ်လွင်လာခဲ့၏။ ထိုအရိပ်အယောင်ကို နွဲ့ ခွဲစိတ်ကုသပျောက်ကင်းစေခဲ့လို့ လူနာနှင့်သက်ဆိုင်သူတွေ မျက်နှာမှာ ထင်ဟပ်လာသော ပီတိရိပ်များကဲ့သို့ပင် တန်ဖိုးတန်းတူထားချင်သည်။

နွဲ့ဘဝကို အလုပ်ထဲမှာပဲ မြှုပ်နှံထားခဲ့သည်။ ဆေးရုံ၊ ဆေးခန်းကလွဲလို့ နွဲ့ ပြင်ပသို့ထွက်ခဲသည်။ လူမှုရေးပွဲလမ်းများမှ ရှောင်ရှားဖို့ အလုပ်နှင့် ပတ်သက်သော အကြောင်းပြချက်တွေက နွဲ့မှာအမြဲတစေ အဆင်တသင့်ပေ။

ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)Donde viven las historias. Descúbrelo ahora