အခန်း(၂၈)

1K 85 2
                                    

သီရေတာထဲမှာ အလွန်အရေးကြီးသော လူနာတစ်ဦးကို ခွဲစိတ်နေစဉ်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။ သီရေတာထဲမှာ ရှိနေသော စတပ်(ဖ်)နာ့(စ်) ဒေါ်မြင့်ကြည်၊ လှလှတင်၊ အလုပ်သမား မောင်စိုး၊ မစိမ်းညို အားလုံးက ဒေါ်ယဥ်နွဲ့ခိုင်ကို လှမ်းကြည့်လိုက်မိကြသည်။ စတင်သက်ဝင်လှုပ်ရှားကာ အခြေအနေကို ထိန်းသိမ်းလိုက်သူက ဆရာဦးမြင့်ဟန်ပဲ ဖြစ်လေ၏။

“အေးဗျာ။ ဝန်ထမ်းဆိုတာ ဒီလိုပါပဲ။ ရောက်ချိန်တန်ရောက်ပြီး ပြောင်းချိန်တန် ပြောင်းရမှာပေါ့လေ။ ဒေါ်ယဉ်နွဲ့ခိုင် ပြောင်းရတော့မယ်ဆိုတော့ ကျွန်တော်တို့မြို့နယ်အတွက်သာ မဟုတ်ဘူး။ အနီးအနားမြို့နယ်တွေပါ ဆုံးရှုံးတာပါပဲ”

ဖြည်းလေးစွာ ပြောလေ၏။

နွဲ့ သည်တော့မှ အသိစိတ်ဝင်ခဲ့သည်။ ဆရာဦးမြင့်ဟန် ကြာကြာမရပ်နိုင်သည်ကို သတိရကာ ..

“ကျွန်မတို့ နားခန်းမှာ ထိုင်ကြတာပေါ့ ဆရာ” ဟု ဆရာဦးမြင့်ဟန်ကို နားခန်းဆီသို့ ခေါ်ယူကာ ခွဲစိတ်ခန်းမှ ထွက်ခဲ့သည်။ သည်တော့မှ ငြိမ်သက်သွားသော သီရေတာမှာ ရုတ်ချည်းအသက်ဝင်ခဲ့ကာ အသံတွေ ဆူညံသွားခဲ့လေ၏။

“မြေလတ်ကို မမက ထားခဲ့တော့မှာပေါ့လေ။ အင်းလေ၊ နာမယ်ဆိုရင်လည်း နာလောက်ပါတယ်”

လှလှတင်က သူပါ နာကြည်းပုံနှင့် ပြောခဲ့သည်။ ဒေါ်မြင့်ကြည်က ..

“မမ မရှိမှ မမတန်ဖိုးကို မြေလတ်က နားလည်လာတော့မှာ” ဟုဆိုကာ၊ လှလှစောကတော့ဝမ်းနည်းသံလေးနှင့်...

“ဘယ်လိုမှ ထင်မထားဘူး မမရယ်” ဟု ဆိုလေ၏ ။

မောင်စိုးက မစိမ်းညိုကို “မမသွားမှာ ငါတော့ စိတ်ဓာတ်ကျပြီ” ဟု ဆိုကာ မစိမ်းညိုက“အေးလေ” ဟု ထောက်ခံလေ၏။

စကားအလွန်များသော ဆရာယဉ်မျိုးက “ဘာသံမကြား၊ ညာသံမကြားပါလား” ဟုသာ ဆိုလျက် စကားတခ်ခွန်းမှ မပြောနိုင်သူက ချမ်းသာဖြစ်လေ၏ ။

မြေလတ်ဆေးရုံလေးတွင် နွဲ့က ဆရာဦးမြင့်ဟန်နှင့် လှလှတင် ပြီးလျှင် သက်တမ်း အကြာမြင့်ဆုံး လက်ထောက်ဆရာဝန်ပေ။ ငါးနှစ်နှင့် ခြောက်လကျော် ရှိခဲ့ပြီ။ ဝန်ထမ်းဆရာဝန်တစ်ယောက်အတွက် တစ်နေရာတည်းမှာ အတန်အသင့်ကြာမြင့်သည် ဆိုရမည့် ကာလပေ။

ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)Opowieści tętniące życiem. Odkryj je teraz