ဒီနေ့ မမတို့မိသားစုနဲ့တွေ့ဖို့ ချမ်း ရန်ကုန်ကို ရောက်နေခဲ့လေသည်။ အရင်ဆုံး မမနဲ့တွေ့ပြီးမှ မမတို့အိမ်ကို သွားမှာပါ။ မမနဲ့တွေ့ဖို့ ချိန်းထားတဲ့ ကော်ဖီဆိုင်လေးထဲမှာ ချမ်း ထိုင်စောင့်နေခဲ့တယ်။
"မမရေ ... ချမ်း ဒီမှာ"
မမနွဲ့က လှပစွာပြုံးပြရင်း ချမ်းဆီကို လျှောက်လာနေတယ်။ မတွေ့ရတဲ့ ၃၊ ၄ရက်ဟာ တစ်ကမ္ဘာလောက် ထင်ရအောင် ကြာလွန်းလှတယ်။ မမနွဲ့က ထိုင်လိုက်တာနဲ့ တစ်ပြိုင်တည်း ချမ်းက မမနွဲ့ လက်လေးကို အသာလှမ်းဆွဲကိုင်ရင်း
"လွမ်းလိုက်ရတာ မမရယ်၊ မမရော မောင့်ကို မလွမ်းဘူးလားဟင်...""အမယ်လေး ကိုပိုရယ် မတွေ့တာမှ ၃ရက်ရှိသေးတာကို၊ ကဲလိုက်တာ ။ လူတွေနဲ့လေ လက်လေးကို လွှတ်ပါဦး"
"ဆောတီး... ဆောတီး...မမရယ်၊ မောင် အရမ်းလွမ်းနေခဲ့တော့ ဘေးကလူတွေကို မေ့သွားတယ်"
"တကယ်ကို မထင်ထားဘူး သိလား၊ ချမ်းက ဒီလိုမျိုးတွေ ပြောတတ်လိမ့်မယ်လို့။ ရှေ့မှာ ဘယ်သူတွေကိုများ ဒီလိုအပြောတွေနဲ့ ချုပ်ခဲ့လဲ မှန်မှန်ပြော"
"မမရယ် ချမ်း မဟုတ်တော့ဘူးလေ၊ မောင်ပါ 🥰၊ ဘယ်သူ့ကိုမှ ဒီလိုတွေ မပြောဖူးပါဘူး။ မောင့်အတွက် အချစ်ဦးကော အချစ်ဆုံးကော နောက်ဆုံးအချစ်ကောက ဟောဒီက ဒေါ်ယဉ်နွဲ့ခိုင်ဆိုတဲ့ ဆာဂျင်မမ တစ်ယောက်ထဲပဲ ရှိတာပါ။ မမနဲ့မှ သူ့အလိုလို ထွက်လာတဲ့ စကားတွေပါ။"
"ကဲ ... တော်ပါပြီ။ ပြောမိတဲ့ ကျွန်မကပဲ အရှုံးပေးပါတယ်ရှင့်။ အရေးကြီးတာ ပြောကြရအောင်"
"ဟုတ်ကဲ့ မမ"
"မေမေတို့ကိုတော့ မမ အရိပ်အမြွက် ပြောပြထားတယ်။ မေမေတို့က မောင်နဲ့လည်း တွေ့ချင်သေးတယ်တဲ့။ ညီသူကတော့ ကလေးမို့ မောင်နဲ့အတူတူဆော့ရတော့မှာကိုတွေးပြီး ပျော်နေလေရဲ့။ စည်သူက ဘာမှမပြောပေမယ့် သူ့အတွက် လက်ခံပေးဖို့က အချိန်လိုဦးမယ် ထင်တယ်။"
"ဟုတ်တာပေါ့ မမရယ်။ သူတို့အားလုံး လက်ခံနိုင်အောင် မောင် ကြိုးစားမှာပေါ့။ မမကသာ တစ်ခုပဲ ကတိပေး။ ဘယ်လောက် ခက်ခဲခက်ခဲ မောင့်လက်ကို မဖြုတ်ပါဘူးလို့လေ။"
YOU ARE READING
ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)
Romance" ဓာတုကလျာ ဖွဲ့တယ်လို့ ယူဆရတဲ့ ရတုကလေးကို သိသလား" "သြော်...ကလျာရွှေညီ ချီတဲ့ ပိုဒ်စုံရတု မဟုတ်လား၊ ဘာဖြစ်လို့လဲ မမနွဲ့" "နှောင်ထုံးကေမှင်၊ လျော့ဖြေချင်လည်း၊ နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ခဲ့တဲ့" "ချမ်း" "မမနွဲ့" "ချမ်းနဲ့ကျမှ မမလည်း နတ်သျှင်သ...