အခန်း(၁၁)

1K 82 0
                                    

“အော်ပရေးရှင်းက အိုကေလား မေမေ”

သူနှုတ်ဆက်နေကျ မေးခွန်းလေးနှင့်မေးကာ နွဲ့ပေါင်ပေါ်သို့ ပြေးတက်လာထိုင်လေ၏။

“မေမေ ကိုယ်တိုင်ခွဲတာပဲ။ ဘယ်မအိုကေဘဲ ရှိပါ့မလဲ”

နွဲ့အဖြေကို အားလုံးက သဘောတကျ ရယ်မောလိုက်ကြသည်။

“အန်တီလှရဲ့ ဒရင်းဘက်ကြီး ကျိုးသွားပါဦးမယ်နော် သား။ သားဘာသာ ထိုင်စမ်းပါ”

ညီသူက ချမ်းဘေးက ခုံလွတ်မှာ ဝင်ထိုင်သည်။ သူနှင့် သူငယ်ချင်းပမာ ချမ်းကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

"ဒေါက်တာချမ်း ဒီနေ့ ဘယ်နှစ်ယောက်ခွဲပြီးပြီလဲ။ အဲဒါလေးက မငိုလို့ ရိုက်ပေးရသေးလားဟင်"

ချမ်းက ညီသူ့ အမေးကို ချက်ချင်းမှတ်မိကာ ...

“ဒီနေ့ L.S.C.S မပါဘူးကွ” ဟု ပြောရင်း ညီသူ့ကို ချစ်ခင်စွာ ခေါင်းလေးကို ဖမ်းအုပ်ကိုင်ကစားခဲ့သည်။ ချမ်း၏အကြည့်များက မမနွဲ့ဘေးတွင် တည်တည်လေးထိုင်နေခဲ့သော စည်သူ့ထံသို့ ရောက်သွားမိသည်။ ညီသူ "အဟဲ” ဟု ချမ်းကို ပြူးကျဲကျဲလေးကြည့်ကာ သူ့ခေါင်းလေးကို တွန်းဖယ်သွားခဲ့သည်။ ထိုစဉ် မမလှက သီရေတာတံခါး တွန်းဖွင့်ကာ ချမ်းဆီသို့ လှမ်းခေါ်ခဲ့သည်။

“‌ဒေါက်တာချမ်းရေ၊ ရယ်ဒီပြီ”

တစ်ဆက်တည်း ..

“ဟယ်၊ သားတို့လာပြီ။ အန်တီ သားတို့ဖို့ပါ ခေါက်ဆွဲကြော် မှာထားတယ်။ ဒေါက်တာချမ်းက ဒီနေ့ ကျွေးတာတော့” ဟု ကလေးများကို လှမ်းနှုတ်ဆက်သည်။

“မိုက်တာပေါ့”

ညီသူလေးရဲ့ အသံ။ ချမ်း ညီသူတစ်ယောက်တည်းကို မျက်ခုံးမြှင့် နှုတ်ဆက်ခဲ့သည်။

“လက်ဆေးပြီ မမလှရေ”

ချမ်း လက်ဆေးကန်တွင် လက်ဆေးစဉ် အသေးစားခွဲစိတ်ခန်းမှ 'ရယ်ဒီပြီ” လှမ်းအော်လိုက်သံနှင့်အတူ မူယာလည်း ထလာခဲ့သည်။ ချမ်းနှင့် လက်ဆေးကန်တွင် ဆုံမိသည်။ မူယာက မျက်ခုံးလေးချီကာ တီးတိုးပြောလိုဟန်လေးပြခဲ့သဖြင့် ချမ်းက လက်ဆေးမပျက် သူ့အနီးသို့ တိုးကပ် ခေါင်းငုံ့ နားထောင်ရလေ၏။

ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)Donde viven las historias. Descúbrelo ahora