Chapter 52
Imperial MeowJuly 12, 2023
Chapter 52အားစီ ဒီနေ့ ကိုယ်လုပ်တော်တွေက မင်းကို ပြဿနာရှာတယ် ဆိုတာကလည်း မနေ့ညက မင်း အမတ်ချုပ်စံအိမ်ကို ပြန်သွားပြီး ဒီနေ့မနက် အရှေ့တံခါးကနေ ပြန်လာလိမ့်မယ်ဆိုတာကို ကိုယ် မသိခဲ့လိုက်လို့ပါ ..."
ယွင်ချင်းစီ ပြန်မပြောနိုင်သေးခင်မှာပင် သူက ဆက်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူတို့ မင်းကို နှောက်ယှက်ခွင့် ရသွားတာကိုက ကိုယ့်ရဲ့ အမှားပါ သူတို့ကို ကိုယ်ပဲ နန်းတော်ထဲ ခေါ်သွင်းခဲ့မိတာလေ ပြီးတော့ ကိုယ်သာ မင်းကို ပိုပြီး အာရုံစိုက်ခဲ့မယ်ဆိုရင် မနေ့က မင်း အမတ်ချုပ်စံအိမ်ကို ပြန်သွားတယ် ဆိုတာကိုရော၊ လျှိုကျီရူက စာကို ဖွက်ထားခဲ့တယ် ဆိုတာကိုပါ သိခဲ့ရမှာလေ အားလုံးက ကိုယ့်ရဲ့ ညံ့ဖျင်းမှု၊ အရေးမစိုက်မှုတွေကြောင့် ဖြစ်လာရတာတွေပါ ..."
ယွင်ချင်းစီ "..."
လီယင်းက သူ ပြောချင်တာတွေ အကုန်လုံးကို ပြောပေးလိုက်တာပဲ ...
"ဒီကိစ္စရဲ့ အဓိက တရားခံက ကိုယ်ပါ ..."
"ဒါပေမယ့် အခုကနေစပြီး ..."
လီယင်းက ဖြူရော်ခြောက်ကပ်နေသော နှုတ်ခမ်းကို ကိုက်လျက် ပြောလိုက်သည်။ ချွေးစက်တို့ကလည်း နဖူးပေါ်မှတစ်ဆင့် တရစပ် စီးကျလာ၏။
"မင်းက ကိုယ့်နှလုံးသားထဲမှာ တန်ဖိုးအရှိဆုံးပဲ ..."
"ကိုယ် ကျိန်ဆိုတယ် အနာဂတ်မှာ တစ်ယောက်ယောက်က မင်းကို စကားတစ်ခွန်းလောက်ပဲ ပြန်ပြောရဲတယ်ဆိုရင်တောင် သူ့ကို ချက်ခြင်း သေဒဏ်ပေးပစ်မယ် ..."
"အားစီ ... ကိုယ် မင်းကို ကြွယ်ဝမှုရော ဂုဏ်သရေရော ပေးနိုင်တယ် ပြီးတော့ မင်းကို ဥပဒေရဲ့ အထက်မှာ ရှိနေအောင်လည်း လုပ်ပေးနိုင်တယ် ဒီလောကမှာ ကိုယ့်ထက်ပိုပြီး မင်းကို ချစ်ပေးနိုင်မယ့်သူ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး..."
ယွင်ချင်းစီက သူ့စကားထဲမှ ဟာကွက်ကို ဖမ်းမိသွားပြန်၏။
"ဒါဆို အတိတ်ဘဝက မင်း ငါ့ကို မချစ်ခဲ့ဘူးပေါ့ ..."
လီယင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။