Unicode~~ဦးပေးသောအမုန်း~~
အပိုင်း~~၁~~
"ကယ် သားတို့သမီးတို့ဒီကိုကြည့်မယ်...."
ဖြူလွလွအသားအရေ_ဝိုင်းစက်နေတဲ့မျက်ဝန်းဝိုင်းလေးနဲ့အတူ ဖူးကြွကြွနူတ်ခမ်းကလေးကပွင့်လိုက်ပိတ်လိုက်နှင့်
တုတ်ထောက်ထားတဲ့ကျောက်သင်ပုန်းက
စာတစ်လုံးဆီကိုစိတ်ရှည်လက်ရှည်
ရှင်းပြနေပုံလေးကသိပ်ကိုကဗျာဆန်လှ၏။ထို့အတူလေအေးအေးလေးကပြတင်းပေါက်ကနေတစ်ဆင့်စာသင်နေတဲ့အခန်းထဲကသူမဆီကိုဝေ့ဝဲတိုက်ခတ်တာကြောင့်ပိုးသားလေးလိုပျော့ပျောင်းနေတဲ့တစ်လွှာစည်းထား သောဆံနွယ်ညိုလေးတွေကလေအဝှေ့မှာယိမ်းနွဲ့နေသည်။
လျှံ စာသင်ခန်းအတွင်းမှသူမရဲ့အလှလေးတွေကိုသေချာငေးကြည့်ရင်းနူတ်ခမ်းတွေကပြုံးမိသွားခြင်းနှင့်အတူလက်ထဲကနားကျပ်လိုလိုအရာသေးသေးလေးကိုဖိရင်းတစ်ကိုယ်တည်းရင်တုန်စွာနှင့်ရှိနေပြန်သည်။
"ကလေးတို့ဒီနေ့သင်တာကိုနားမလည်တာရှိလား ရှိရင်တီတီ့ကိုလာမေးကြနော်...."
ဆရာမမဟုတ်ပဲသူ့မကိုယ်သူမတီတီလို့သုံးနူန်းတာလေးကလဲတစ်မျိုးလေးချစ်ဖို့ကောင်းနေပြန်၏။
လျှံ သူမကိုငေးကြည့်နေရရင်ကိုပျော်နေမိသည်။
နာမည်အရင်းကိုမသိပေမဲ့သူမကိုယ်သူမကြွေလို့ပဲသုံးနူန်းတာလျှံသတိထားမိသည်။
နာမည်လေးနဲ့လိုက်အောင်ကိုလဲကြွေရုပ်လေးတစ်ရုပ်လိုသူမကလှပပေသည်။
"မောင်လျှံထက်ပိုင် ဒီမှာဘာလုပ်နေတာလဲ...."
ဆရာမကြီးကခပ်ကြိတ်ကြိတ်မေးတာကြောင့်လျှံ လန့်သွားသလိုဆတ်ခနဲမျက်စိလွှဲလိုက်၍
YOU ARE READING
~~ဦးပေးသောအမုန်း~~ {Complete}
Romansaရင်ထဲမှာပြည့်သိပ်နေတဲ့ အရာအားလုံးက ဦးပေးတဲ့ အမုန်းတွေချည်းပဲ