🍂🍂11🍂🍂

2.6K 37 0
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

~~ဦးပေးသောအမုန်း~~

        အပိုင်း~~၁၁~~

“သမီးရေ သမီး ကြွေ.....”

အပြင်ကခေါ်သံကြောင့်ဆက်မှိန်းနေတဲ့
ကြွေ မျက်ဝန်းလေးတွေပွင့်သွားရ၏။
ဘာများပြောမလဲနားစွင့်နေရင်းမှ
တိတ်သွားတာမို့ ကုတင်ပေါ်ကထကာ
တံခါးသွားဖွင့်ပေးလိုက်သည်။

“မေတိုး ဘာပြောမလို့လဲဟင်....”

“သခင်လေးကမနက်စာစားဖို့
ဆင်းလာခိုင်းလို့ပါ...."

“ဟင် သူပြန်လာပြီလား??.....”

ကြွေ ထိတ်လန့်စွာအော်မိရင်းမှ
အံ့ဩသွားတော့ မေတိုးကရင်ဘတ်လေး
ဖိကိုင်ရင်းမှ

“ဟုတ်တယ်လေကွယ် မနက်ခင်းတုန်းက
အစောကြီးပြန်ရောက်တယ်.....ပင်ပန်းနေတာ
နားပါလားပြောတာကို သူမနက်စာစားပြီး
ကုမ္ပဏီသွားရအုံးမယ်တဲ့.....”


“အော်....."

အော်သာပြောရင်း ရင်ထဲဘယ်လိုဖြစ်သွားမှန်းမသိ!!
အခုချိန်မှာသူ့ကိုတွေ့ချင်သလို
မတွေ့ချင်သလို...။မနေ့ကနစ်နာအောင်
ပြောခံထားရတာမို့ မျက်နှာကိုလဲမမြင်ချင်
သို့ပေမဲ့ စိတ်ကကိုယ်နဲ့ဆန့်ကျင်စွာ
လှုံ့ဆော်နေ၏။
အောက်ဆင်းလိုက်ပါတဲ့.........။

ကြွေ အတွေးတို့ဖြင့်မျက်နှာလေး
ပင့်ချီနေတော့ ဒေါ်တိုးကလက်လေးကို
ပုတ်ခေါ်ရင်းမှ

“သမီး မြန်မြန်လာနော် သခင်လေးက
သူမစားပဲသမီးကိုစောင့်နေတာ.....”

“ဒါဆိုသူ့ကိုပြောလိုက်ပါ ကြွေ
မစားချင်လို့ မဆင်းလာတော့ဘူးလို့
ပြီးတော့ရေလဲချိုးရအုံးမယ်.....”

~~‌ဦးပေးသောအမုန်း~~ {Complete}Where stories live. Discover now