🍂🍂4🍂🍂

2.6K 34 0
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

~~ဦး‌ပေးသောအမုန်း~~
            အပိုင်း~~၄~~

ကြွေဘယ်လိုလုပ်ရမလဲ သူလာခေါ်နေပြီ!!...
ရုတ်တရက်ခြေဖျား လက်ဖျားတွေအေးစက်လာတဲ့ကြွေကအပြစ်သားတစ်ယောက်နဲ့တူနေ၏။

အခန်းထဲမှာထိုင်ရမလို ထရမလိုနှင့် ကြွေတစ်ယောက်အလုပ်တွေရူပ်နေရသည်။
မသိမသာလေးပြတင်းပေါက်ကနေသွားကြည့်တော့ကားမရှိတော့‌ေပ။မဟုတ်မှပြန်သွားတာလား??

အတွေးနဲ့အတူဝမ်းသာလွန်းလို့မျက်ရည်တွေကျတော့မလိုထင်ရပေမဲ့ရုတ်တရက်
တံခါးလာခေါက်တာကြောင့်အပျော်တွေပျောက်ပျက်သွားရသည်။

"‌ဟဲ့မိကြွေ အောက်ခဏဆင်းခဲ့စမ်း....”

အမိန့်သံပါပါလာအော်တာကမမသစ်ဖြစ်၏။သူမအသံကဒေါသနှင့်ကျေနပ်မူရောယှက်နေသလို‌ေကြွ ခံစားရသည်။မမသစ်ကရောကြွေလိုက်သွားရမှာကိုပျော်နေတာလား??

ဟင်းခနဲသက်ပြင်းကြီးကိုချကာကြွေ အင်္ကျီကိုအကြောင်းမရှိဆွဲဆုပ်ထားရင်းအောက်ကိုလေးပင်စွာဆင်းလာခဲ့သည်။

‌အောက်ရောက်ပြီဆိုတာနှင့်တန်းပြီးမြင်လိုက်ရတာကခြေပေါ်ခြေတင်ထိုင်ကာဆေးလိပ်ကိုစတိုင်ကျကျဖွာနေတဲ့လူပင်.....
အနက်ကြိုက်ပုံပေါ်တာကြောင့်‌အမြဲတမ်းအနက်ကိုတစ်ကိုယ်လုံးဝတ်ဆင်၍
ဆေးလိပ်တိုကိုင်ထားတဲ့လက်‌ေချာင်း‌သွယ်သွယ်‌ေတွမှာလက်စွပ်အနက်သုံးကွင်းကနေရာယူနေသည်။

သူ့ဟာသူကြည့်တော့လဲစတိုင်ကျနေတာပဲမို့ကြွေ နားကနားကျပ်လေးကိုသေချာဖိကာထိုအနားကိုလျှောက်လာခဲ့သည်။

"မင်းလာပြီဆိုတော့သွားကြတာပေါ့..."

သူ့ကိုတစ်လှည့်စားပွဲခေါ်ပုံ‌ေပါ်ကပိုက်ဆံအထပ်လိုက်ကိုတစ်လှည့်ကြည့်ရင်းကြွေ မျက်ရည်ဝဲမိပြန်သည်။
ကြွေအဲ့လောက်ပဲတန်ဖိုးမဲ့သလား။ငွေနဲ့တန်ဖိုးဖြတ်ရလောက်အောင်အထိကြွေကအဆင့်နိမ့်သွားခဲ့ပြီလား??

~~‌ဦးပေးသောအမုန်း~~ {Complete}Where stories live. Discover now