Unicode
~~ ဦးပေးသောအမုုန်း~~
အပိုင်း~~၂၃~~
နေ့ဘက်ဆိုအကောင်း ညဘက်ဆို
ချုပ်တည်းထားသမျှသောကအပေါင်းက
မျက်ရည်အဖြစ်ပြောင်းလဲကာ
ခေါင်းအုံးလေးကို စွတ်စွတ်စိုစေ၏။“မေမေ ကြွေ့အတွက်အချစ်စစ်ဆိုတာ
တကယ်မရှိဘူးထင်ပါရဲ့!!!....."ကိုလျှံ့ကိုလဲဒီရက်ပိုင်းသိပ်ပြီးမရောဖြစ်....။
သူကလဲအလိုက်သိ၍ထင်သည်။
ကြွေ့ကိုအရင်လို ဖောဖောသီသီ
မဆက်ဆံပဲ လစ်ရင်လစ်သလို
ငေးသာငေးနေတတ်၏။သူကိုယ့်ကိုချစ်တယ်ဆိုပေမဲ့ အမှတ်မရှိတဲ့
နှလုံးသားကသူ့ပုံရိပ်တွေကိုသာ
ထုတ်လွှတ်နေတဲ့အခါ တစ်ခြားတစ်ယောက်
လက်ခံဖို့ဆိုတာ ဝေးလွန်းလှသည်။မျှော်လင့်ချက်ရိုက်ချိုးခံရတဲ့ခံစားချက်ကို
ကောင်းကောင်းကြီးနားလည်တာမို့
သူများကိုမျှော်လင့်ချက်တွေမပေးချင်!!!!
ကြွေ့ကြောင့်ခံစားရမှာကိုပိုလို့တောင်
ဝေးသေး၏။ပုံမှန်ညတွေလိုပဲ အတွေးထဲရောက်လိုက်
မျက်ရည်တွေကျလိုက်!!!
မဆုံးနိုင်သောခံစားခြင်းတွေကလဲ
လူကိုသတ်ပြန်သည်။
ကြွေ့ကိုသူလုပ်ရက်တယ်!!🍂🍂🍂🍂🍂
ဒီနေ့ကကုမ္ပဏီနားတဲ့ရက်ဖြစ်သလို
ညီ့ရဲ့တစ်နှစ်တင်းတင်းပြည့်သောနေ့!!!အရင်တစ်ခါကသူမကိုတမင်သတိပေးချင်တာနဲ့ သုသာန်ကိုရက်မပြည့်ပဲခေါ်သွားခဲ့တာ!
အခုတော့ တကယ့်နေ့ရက်ကိုရောက်လို့လာပြီ!!ထုံးစံအတိုင်း အနက်ရောင်suitကို
ကိုယ်လုံးပြည့်ဝတ်ဆင်ထားတာမို့
နက်မှောင်သောဆံကေသာနဲ့အပြိုင်
ကြည့်ကောင်းခန့်ညားနေသည်။
YOU ARE READING
~~ဦးပေးသောအမုန်း~~ {Complete}
Romanceရင်ထဲမှာပြည့်သိပ်နေတဲ့ အရာအားလုံးက ဦးပေးတဲ့ အမုန်းတွေချည်းပဲ