Unicode
~~ဦးပေးသောအမုန်း~~
အပိုင်း~~၉~~
"အဲ့တာမင်းနဲ့ဘာဆိုင်လဲ...."
ဩရှရှအသံတစ်ခုကအနားကိုရောက်လာကာကိုလျှံ့လက်ထဲကကြွေ့ကိုဆတ်ခနဲဆွဲထုတ်ရင်းပုခုံးလေးကိုပိုင်ပိုင်နိုင်နိုင်ဖက်လိုက်တာကကြွေ့ကိုမုန်းတယ်လို့ခါးခါးသီးသီးပြောခဲ့တဲ့မင်းရန်ဘက်ဖြစ်၏.....*
ရုတ်တရက်ကြွေ သူ့အသံသြသြကြောင့်
လန့်ဖြန့်သွားရသလိုပုခုံးလေးကိုဖက်လိုက်တာမို့အမှတ်မရှိတဲ့နှလုံးသားကပျော်ရွှင်စွာကဆုန်ပေါက်နေသည်လေ။လျှံ အရှေ့ကမင်းရန်ဘက်ကိုကြည့်ရင်းနူတ်ခမ်းကိုတင်းတင်းစေ့လိုက်၏။မင်းရန်ဘက်ဆိုတဲ့နာမည်နဲ့လိုက်အောင်ကိုရန်ဘက်တွေပေါများတဲ့ရန်က လျှံနဲ့လဲမတည့်ပေ။
အမြဲတမ်းပြိုင်ဆိုင်ကြရင်လျှံကပဲရူံးနိမ့်ခဲ့၏။"ဟျောင့် လျှံ မင်းနဲ့ငါကောင်မလေးတစ်ယောက်ကိုပြိုင်လိုက်မယ်...."
ကျောင်းအင်္ကျီကိုအဖြူမဟုတ်ပဲအနီရင့်ရင့်
စပို့ရှပ်ကိုဝတ်ထားကာလက်မှာလဲလက်စွပ်အနက်ရောင်တွေစွတ်ထားသေး၏။
မင်းရန်ဘက်ဆိုတဲ့ကောင်ကကျောင်းကဆရာမတွေကိုတောင်အရေးလုပ်တာမဟုတ်မှန်းလျှံသိသည်။
အေးပေါ့လေ ပိုက်ဆံရှိတဲ့လူဆိုတော့လဲတစ်ကျောင်းလုံးကိုနိုင်တာမဆန်းပါဘူး...။"ဘယ်သူ့ကိုပြိုင်လိုက်မှာလဲ..."
သူနဲ့ကိုယ်ကခင်သည်ဝောာ့မဟုတ်။
အတန်းထဲမှာပထမကိုအမြဲပြိုင်နေကြပေမဲ့ ယခုအခါမိန်းကလေးတစ်ယောက်ကို
ပြိုင်လိုက်မယ်ဆိုတော့နည်းနည်း
စိတ်ဝင်စားတာကြောင့်လျှံ ပြန်မေးလိုက်မိသည်။
YOU ARE READING
~~ဦးပေးသောအမုန်း~~ {Complete}
Romanceရင်ထဲမှာပြည့်သိပ်နေတဲ့ အရာအားလုံးက ဦးပေးတဲ့ အမုန်းတွေချည်းပဲ