🍂🍂19🍂🍂

602 16 0
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

~~ ဦးပေးသောအမုန်း~~

             အပိုင်း~~၁၉~~

မနက်လင်းလို့လင်းမှန်းမသိအောင်ကို
ရန်တစ်ယောက်မူးနေခဲ့သည်။
နာကျင်စရာတွေကခဏတာမေ့ပျောက်ခဲ့တာမို့ နည်းနည်းတော့ခံသာ၏။

ဟိုတယ်ရဲ့ကုတင်ထက်မှာမှန်းသိချိန်
ငေါက်ခနဲထရင်း နားထင်ကိုဖိထောက်ကာ
မူးရီနေတဲ့ခေါင်းကိုဖြည်စည်ရသည်။
နည်းနည်းသက်သာကာမှ လူလန်းအောင်
ရေချိုးကာ မှန်ရှေ့ရပ်တုန်း မနေ့က
သူမကိုသုသာန်မှာထားခဲ့မိတာကိုသတိရကာ
ရန် ခေါင်းထဲအချက်ပေးသံတွေမြည်သွားရ၏။

“အခုထိတစ်ယောက်တည်း!!.....”

မသိစိတ်ထဲမှာတင်မဟုတ်ပဲ အပြင်မှာပါ
ပူပန်စိတ်ကိုမထိန်းနိုင်စွာ အောက်မှာ
ကျနေတဲ့သူ့ရဲ့ကုတ်အင်္ကျီကိုကောက်ယူကာ
ကားသော့နဲ့ဖုန်းယူ၍ အလျင်အမြန်ထွက်လာခဲ့သည်။

ကျန်တာမသိတဲ့သု့ရဲ့စိတ်ထဲမှာတော့
သူမအန္တရာယ်ကင်းစေဖို့!!!

ဟိုတယ်ရဲ့ပါကင်မှာရပ်ထားတဲ့ကားပေါ်တက်ကာ မြန်နိုင်သမျှအမြန်နှုန်းနဲ့
သုသာန်ကိုမောင်းလာခဲ့၏။
ကျစ် သူဘာတွေလုပ်ခဲ့မိတာလဲ??


တနုံ့နုံ့ခံစားချက်ကကိုယ်တိုင်တောင်မသိခင်
ကိုယ့်ကိုကိုယ်အပြစ်တင်မိသည်။
သူမကိုလက်တုန့်ပြန်မယ်တွေးထားပေမဲ့
တကယ်တမ်းဒီလောက်လေးတောင်
အသည်းမမာနိုင်တဲ့သူ့ကိုယ်သူ စိတ်ပျက်၏။
ဒီလိုဆိုရင်အချိန်ဆွဲလို့မဖြစ်တော့ပဲ
မြန်နိုင်သမျှမြန်မြန် သူ့ရည်ရွယ်ချက်ကို
အကောင်အထည်ဖော်ရတော့မယ်!!!

🍂🍂🍂🍂🍂

အိပ်မက်ဆိုးတွေကလူကိုဝါးမြိုနေသည်။
နှဖူးပြင်ကျဉ်းကျဉ်းလေးမှာစို့တက်လာတဲ့
ချွေးစက်လေးတွေက ကြောက်ရွံ့ထိတ်လန့်ခြင်းအသွင်ကိုဆောင်သည်။


~~‌ဦးပေးသောအမုန်း~~ {Complete}Where stories live. Discover now