Unicode
~~ဦးပေးသောအမုန်း~~
အပိုင်း~~၃~~
"ဖရော 💦💦ဖျောက် ဖျောက်....."
ဖွင့်လိုက်တဲ့ရေပန်းအောက်မှာနွေးထွေးတဲ့ခန္ဓာကိုယ်သေးသေးလေးကဝင်ခံလိုက်တာကြောင့်ရေစက်တွေကဟိုတစ်စက်ဒီတစ်စက်ဖွာထွက်ကုန်သည်။
ကြွေ့မျက်ရည်တွေလဲကုန်ခမ်းနေပြီလားမသိပေ။တားမရအောင်ငိုနေမိသည်ကပါးပြင်ပေါ်ကရေတွေနဲ့အပြိုင်ဖြစ်နေ၏။
ရိူက်ရလွန်းလို့နှလုံးတွေလဲနာလှပြီဖြစ်သည်။"ခင်ဗျားသမီးကိုကျုပ်ဝယ်တဲ့သဘောပေါ့..."
ထိုစကားလုံးကပဲနားထဲကိုတစ်ဝဲလည်လည်နေရာယူနေတာကြောင့်ကြွေ မျက်ရည်တွေကြားမှခေါင်းကိုဆတ်ခနဲခါထုတ်ပြစ်တော့ဆံပင်ကရေစက်လေးတွေကနံရံကိုပြေးစင်ကုန်ကြသည်။
"ဘယ်သူမှမလိုချင်တဲ့လူတစ်ယောက်တဲ့လားဖေဖေရယ်....ပြောရက်လိုက်တာ"
ဖေဖေပြောတဲ့စကားကိုသံယောင်လိုက်ရွတ်ရင်းကြွေမျက်ရည်တိတ်တဆိတ်ကျမိသည်။
နံရံကိုမှီကာတဖြည်းဖြည်းအောက်ကိုကျသွားရတဲ့ကြွေပါးစပ်လေးကိုအုပ်ကိုင်ရင်းတစ်ခါငိုမိပြန်သည်။ကြွေက တစ်ခါမှမမြင်ဖူး မတွေ့ဖူးတဲ့လူတစ်ယောက်နောက်ကိုလိုက်သွားရမှာတဲ့လား။
ယုတ္တိမရှိလိုက်တဲ့ဘဝကြီး....တွေးလေခံစားရလေဖြစ်ရင်းမျက်ဝန်းအိမ်မို့မို့လေးကလဲနီရဲလို့နေပြီဖြစ်သည်။
တွေးလေငိုလေနှင့်ပူလောင်နေတဲ့ရင်အစုံကိုရေပန်းကရေအေးအေးနဲ့ဆေးချနေပေမဲ့လဲ သောကတွေနဲ့လောင်ကျွမ်းကာပူလောင်နေဆဲပင်
YOU ARE READING
~~ဦးပေးသောအမုန်း~~ {Complete}
Romanceရင်ထဲမှာပြည့်သိပ်နေတဲ့ အရာအားလုံးက ဦးပေးတဲ့ အမုန်းတွေချည်းပဲ