Unicode
~~ဦးပေးသောအမုန်း~~
အပိုင်း~~၇~~
"အင်း...."
ညည်းညူသံသဲ့သဲ့နဲ့အတူကြွေ့ မျက်လုံးလေးတွေကလူပ်လီလူပ်လဲ့နဲ့ပွင့်လာခဲ့၏။
ညကပင်ပန်းနေတာကြောင့်ကြွေ စောစောအိပ်ပျော်သွားရသလိုတစ်စုံတစ်ယောက်အခန်းထဲဝင်လာတာကိုစိတ်ထဲ၌သိနေ၏။
သူလားဆိုသည့်အတွေးနှင့်ကြွေ စိတ်ထင့်နေပေမဲ့မဟုတ်ဘူးလို့လဲထင်မိပြန်သည်။"ဘာပဲဖြစ်ဖြစ် သေချာအောင်မေးမှရမယ်...."
ဆုံးဖြတ်ချက်လေးချရင်းကြွေ ကုတင်ပေါ်ကဆင်းကာရေမိုးချိုးလိုက်၏။
ရေချိုးပြီးကာမှသတိရသည်ကအဝတ်အစားပင်ကြွေ့ အင်္ကျီတွေကိုအခုပဲလျှော်ရန်ရေစိမ်ထားတာကြောင့်မေန့ကဂါဝန်ေလးအပါအဝင်အကုန်လုံးကစိုနေ၏။
အကျပ်ရိုက်သွားရင်းကြွေ ထိုဗီဒိုဆီမသက်မသာနှင့်လျှောက်သွားကာအင်္ကျီတွေကိုစုန်ချည်ဆန်ချည်ကြည့်မိပြန်သည်။သို့ပေမဲ့ကြွေ့ မျက်စိထဲရှည်တာတစ်ခုမှမတွေ့ရပေ။နူတ်ခမ်းလှလှလေးကဟင်းခနဲသက်ပြင်းချလိုက်ရင်းထိုအဝတ်အစားတွေထဲမှဂါဝန်လေးတစ်ထည်သာယူဝတ်လိုက်သည်။
မဖြစ်ဘူး ဒီနေ့တော့အိမ်မှာအင်္ကျီတွေပြန်ယူမှရမယ်အတွေးလေးနဲ့အတူကြွေ ဂါဝန်လေးကိုဝတ်လိုက်ရင်းဆံပင်ရှည်တွေကိုတစ်ဝက်လေးသိမ်းကာအောက်ကိုဆင်းလာခဲ့လိုက်သည်။တစ်ခါမှဒီလိုအတိုအပြတ်တွေမဝတ်ဖူးသူမို့ကြွေ လမ်းလျှောက်ရတာတစ်မျိုးလေးဖြစ်နေ၏။
အောက်ရောက်သွားချိန်တွေ့လိုက်ရသူက သူဖြစ်နေ၏။ကြွေ့ကိုကျောပေးကာသတင်းစာဖတ်ရင်းကော်ဖီတစ်ငုံကိုယူသောက်လိုက်ပုံကသိပ်ကိုစတိုင်ကျလွန်း၏။သို့ပေမဲ့သူ့ကိုအခဲမကျေသေးတဲ့ကြွေ ခပ်မာမာပင်သူနှင့်ခပ်လှမ်းလှမ်းမှာဝင်ထိုင်လိုက်သည်။
YOU ARE READING
~~ဦးပေးသောအမုန်း~~ {Complete}
Romanceရင်ထဲမှာပြည့်သိပ်နေတဲ့ အရာအားလုံးက ဦးပေးတဲ့ အမုန်းတွေချည်းပဲ