🍂🍂25🍂🍂

738 19 0
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

~~ ဦးပေးသောအမုုန်း~~

           အပိုင်း~~၂၅~~

ဂေဟာကိုလဲသွားရန်မလို!!
အိမ်မှာလဲဘယ်သူမှမရှိတာမို့
ကြွေ မနက်စာကိုစိတ်ကြိုက်လုပ်ရင်းမှ
စားနေတုန်း ဖုန်းဝင်လာတာမို့ကိုင်လိုက်တဲ့အခါ မမဖြစ်နေသည်။

“ဟယ်လို ပြော....."

နှစ်ယောက်သားကမပြေလည်သေးတာမို့
ကြွေ ခပ်တိုတိုပြောတဲ့အခါဟိုဘက်က
ခေတ္တတိတ်သွားပြီးမှ ယောင်္ကျားတစ်ယောက်ရဲ့အသံထွက်လာကာ

“အဲ့ဘက်ကဒီဖုန်းပိုင်ရှင်ရဲ့အမျိုးလား???
သူအခုဆေးရုံတင်ရလို့ ပြည်သူ့ဆေးရုံကို
လာခဲ့ပေးပါနော်....."

“ရှင် ....."

ကြွေ ရင်ထဲဒိန်းခနဲဖြစ်သွားရင်းမှ
ဘာကြောင့်လဲမေးရန်တောင်ပါးစပ်က
မထွက်တော့ပေ....။
ကြော်ထားတဲ့ထမင်းကြော်ပူပူကိုလဲ
သတိမရနေတော့ပဲ ကြွေ ပိုက်ဆံအိတ်ယူကာ
ရှိသမျှပိုက်ဆံအကုန်ထည့်ခဲ့၏။

အတိုးသတ်စရာမလိုက်တဲ့အိမ်ကြောင့်
ရတဲ့လစာလေးတွေတောင်စုလို့ရနေပြီ....။
ယခုချိန် အငြိုးတွေ မငြှိုးတွေဘာမှ
ခေါင်းထဲမရှိပဲပူထူလာတဲ့စိတ်အစဉ်ကြောင့်
ကယ်ရီငှားကာ ဆေးရုံကိုမြန်မြန်
ဝင်လာခဲ့သည်။

“မရွက်သစ်ဝေကဘယ်အခန်းမှာလဲရှင့်....."

“Room B_12 မှာပါနော်....."

Reception ကကောင်မလေးက
မှတ်တမ်းကိုပြန်ကြည့်ပေးရင်းပြောတာမို့
ကြွေ ခပ်သွက်သွက်တက်လာကာ
မမရဲ့အခန်းထဲကိုဝင်လာခဲ့၏။
မေမေ့တုန်းကနောက်ဆုံးပုံကိုတောင်
မမြင်လိုက်ရတာမို့ အခုလိုထပ်ပြီး
ဖြစ်မှာကြွေ မလိုလားပေ....။

~~‌ဦးပေးသောအမုန်း~~ {Complete}Where stories live. Discover now