![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Unicode
~~ဦးပေးသောအမုန်း~~
အပိုင်း~~၁၂~~
“မင်း ရရဲ့လား??.....”
ထူးဆန်းစွာနဲ့သူ့အသံကနွေးထွေးနေသလို
စိုးရိမ်နေသလို!!ကြွေ လဲကျမှာဆိုးတာမို့ကျောကပ်ထားတဲ့
သု့ရင်ခွင်ကနေအမြန်ဖယ်ခွာကာ
ဘေးကိုရပ်လိုက်သည်။“ကိုကို သူ့ကိုဒီအခန်းပေးထားတာဆို....."
“ဟုတ်တယ်.....”
မေနေ့စွဲ မျက်နှာထားကတင်းမာသွားကာ
ကြွေ့ကိုမုန်းတီးစွာကြည့်ရင်းမှ“မေ့အခန်းကိုသူများသုံးတာမက်ြိုက်မှန်း
ကိုကိုသိသင့်တယ်....."“သိတယ် ဒါပေမဲ့ရွေးချယ်စရာမှမရှိတာ
မင်းလဲမရှိတုန်းသူ့ကိုပေးနေတာပဲ
ပြသနာရှိလို့လား??....”“ကျစ် ကိုကိုနော် မေ့ကိုအဲ့လိုလေသံနဲ့
လာမပြောနဲ့.....ကိုကိုသူ့ဘက်က
ပါပေးနေရအောင် သူကဘယ်သူမို့လဲ.....”ရန် ခေတ္တငြိမ်သက်သွားမိ၏။
ပြောလို့မဖြစ်တာမို့ မေနေ့စွဲနားသွားကာ
ပုခုံးကိုဆုပ်ကိုင်ရင်းမှ“ခဏနေမဲ့လူပါ မင်းလဲဒီမှာ
ခဏပဲနေမှာဆိုတော့ မင်းတို့နှစ်ယောက်
တူတူပဲပေါ့ ဘာပဲဖြစ်ဖြစ်သူ့ကိုလဲ
မင်းသူငယ်ချင်းတစ်ယောက်လိုသဘောထားလိုက်လေ.....”“ဟင့်အင်း ဟင့်အင်း
မေသဘောမထားနိုင်ဘူး
သူငယ်ချင်းလဲမလိုချင်ဘူး.....
ကိုက်ုပြောင်းလဲသွားတယ်သိလား??
မေမကြိုက်တဲ့ကိစ္စကို ကိုကိုကသိရက်နဲ့
လုပ်ခဲ့တယ် မေဝမ်းနည်းတယ်.....”မျက်ရည်တွေကျဆင်းလာတာမို့
ရန် သက်ပြင်းချရင်းမှ မေနေ့စွဲခေါင်းကို
ခပ်ဖွဖွပွတ်သပ်ပေးကာ
![](https://img.wattpad.com/cover/356498158-288-k337270.jpg)
YOU ARE READING
~~ဦးပေးသောအမုန်း~~ {Complete}
Romanceရင်ထဲမှာပြည့်သိပ်နေတဲ့ အရာအားလုံးက ဦးပေးတဲ့ အမုန်းတွေချည်းပဲ