Unicode
~~ဦးပေးသောအမုန်း~~
အပိုင်း~~၁၀~~
ဘယ်သူဆိုတာသိလိုက်တာမို့
ကြွေ ရင်ထဲဒိန်းခနဲဖြစ်ကာ
ခြေဖျားလက်ဖျားတွေ အေးစက်သွား၏။
သူကဒီနေရာအထိ ဘာလာလုပ်တာလဲ??“သား တီတီသွားကြည့်လိုက်မယ်နော်
သွားကစားတော့.....”ကလေးတွေကစားတာပျက်စေမှာဆိုးတာကြောင့် တဇွတ်ထိုးဆန်တဲ့သူ့စိတ်ကိုသိကာ
ကြွေ ဂေဟာဝင်းအပြင်ဘက်ကို
ထွက်လာခဲ့သည်။“အို....”
လိုက်ပတ်ရှာနေတုန်း အနောက်ကနေ
လက်ကောက်ဝတ်ကိုဆတ်ခနဲဖမ်းဆုပ်လိုက်တာမို့ ခြေညှပ်ဖိနပ်စီးထားသော
ဖြူနုနုခြေထောက်တစ်စုံက လည်ကာ
သူ့ရင်ခွင်ထဲပြစ်စလတ်ခတ်ဝင်ရောက်သွားရ၏။
ပြစ်ပြစ်ခါခါပြောထားတဲ့သူ့စကားတွေကို
ပြန်ကြားယောင်တာမို့ ကြွေ မျက်နှာလေး
မာသွားရရင်းမှ“ဘာလုပ်တာလဲ မင်းရန်ဘက်...."
“မင်းငါ့ကို နာမည်တပ်မခေါ်နဲ့
ငါမင်းထက်အသက်ကြီးတယ်....”သူ့စကားကြောင့်ကြွေဟွန့်ခနဲမဲ့လိုက်ရင်းမှ
“ရှင်ကိုယ်တိုင်ပဲကျွန်မဦးလို့ခေါ်မိတာ
မကြိုက်ဘူးဆို အဲ့ဝာာကြောင့်နာမည်ခေါ်တာ
ဘာဖြစ်လဲ....”“ပြောလိုက်ရင်အမြဲတမ်းဆင်ခြေနဲ့...”
ကြွေ သူ့စကားကြောင့်လက်ထဲက
ဆတ်ခနဲရုန်းထွက်ရင်းမှ သူ့ကို
မျက်နှာလွှဲကာ“ရှင်ကျွန်မကိုမကောင်းပြောဖို့လာတာဆို
အခုပဲပြန်သွားလိုက်ပါ ကျွန်မ
အားနေတာမဟုတ်ဘူး...”
YOU ARE READING
~~ဦးပေးသောအမုန်း~~ {Complete}
Romanceရင်ထဲမှာပြည့်သိပ်နေတဲ့ အရာအားလုံးက ဦးပေးတဲ့ အမုန်းတွေချည်းပဲ