Unicode
~~ဦးပေးသောအမုန်း~~
အပိုင်း~~၃၀~~
မင်္ဂလာဆောင်ရက်မြတ်ကနီးလို့လာပြီ!!
သူကလဲ ဖိတ်စာတွေအကုန်လိုက်ဖိတ်ပြီးသလို ပွဲအတွက်ပါနေရာထိုင်ခင်း
အားလုံးပြင်ဆင်ပြီးပြီမို့ လူချင်းပြင်ဆင်ဖို့ပဲ
ကျန်တော့သည်။အမေမရှိတော့ပေမဲ့ အဖေရှိသေးတာမို့
ကြွေ တကူးတကရောက်ချလာ၏။
မမကိုတော့ဟိုနေ့ထဲကမခေါ် ချင်တာမို့
ကြွေ ဖုန်းလဲလှမ်းမဆက်ဖြစ်!!!
သူ့ဘာသာသူ ဘာရောဂါနဲ့ပဲသေသေ
သူ့အပျော်သူလိုက်ခဲ့တာမို့ ကြွေကတော့
အထူးတလည်လိုက်ထိန်းပေးနေစရာမရှိ...။အိမ်ထဲဝင်လိုက်တော့ ဖုန်းပြောနေတဲ့ဖေဖေကကြွေ့ကိုကြည့်ရင်းမှ တစ်ဖက်ကိုလက်စသတ်ကာ ဒီဘက်ပြန်လှည့်လာသည်။
“ဘာလာလုပ်တာလဲ သမီး
ဟိုမှာနေရတာ အဆင်ရောပြေရဲ့လား??....”မေးဖော်ရတာမို့ ကြွေ့နှုတ်ခမ်းလေးတွေ
ပြုံးမိသွားရင်း စားပွဲမှာသွားဝင်ထိုင်တဲ့
ဖေဖေ့နားသွားကာ အသာဝင်ထိုင်ရင်းမှ
လက်ထဲကဖိတ်စာလေးကို ဖေဖေ့လက်ထဲ
ကမ်းထည့်ပေးလိုက်ရင်းမှ“ကြွေ သူနဲ့တရားဝင်လက်ထပ်တော့မယ်
ဘာမှထွေထွေထူးထူးမပြောင်းလဲပေမဲ့ ဖေဖေတို့အရင်ကထိုးသိပ်ထည့်ပေးလိုက်တဲ့ကြွေက တရားဝင်ဇနီးတစ်ယောက်အဖြစ်ရပ်တည်နိုင်ပြီလေ .....”ကြွေ့စကားကြောင့် ဦးရွက်သစ်မျက်နှာက
ကွက်ခနဲပျက်သွားပြီးမှ မချိပြုံးနဲ့
ကြွေ့ကိုပြုံးကြည့်ကာ“အေးပါကွယ် ကောင်းပါတယ်
ငါ့သမီးလေးအရင်ကစိတ်ညစ်စရာတွေ
ရှိခဲ့ပေမဲ့ အခုလိုတင့်တင့်တယ်တယ်
လက်ထပ်ရမယ်ဆိုတော့ ဖေဖေဝမ်းသာပါတယ်...."
YOU ARE READING
~~ဦးပေးသောအမုန်း~~ {Complete}
Romanceရင်ထဲမှာပြည့်သိပ်နေတဲ့ အရာအားလုံးက ဦးပေးတဲ့ အမုန်းတွေချည်းပဲ