Unicode~~ ဦးပေးသောအမုုန်း~~
အပိုင်း~~၂၄~~
❝အုန်းသီးတစ်လုံးလောက်❞
ပြိုင်တူထပ်ကျသွားတဲ့စကားသံနှစ်ခုကြောင့်
ကာယကံရှင်နှစ်ယောက်လုံးလှည့်ကြည့်လိုက်တဲ့အခါ တောင်းပန်တိုးလျှိုးသောမျက်ဝန်းတစ်စုံနဲ့ တင်းမာစူးလဲ့နေသော
မျက်ဝန်းနှစ်ခုက မျဉ်းပြိုင်တစ်ခုထဲ
ညီတူစွာပေါင်းစပ်သွား၏။ရန် အံ့ဩမှင်သက်စွာကြည့်နေမိတုန်း
သူမဘက်ကအရင်မျက်နှာလွှဲကာ
ဆိုင်ရှင်ထံငဲ့ကြည့်ရင်းမှ“အစောကကျွန်မမှာလိုက်တဲ့အုန်းသီးကို
သူ့ပဲပေးလိုက်ပါနော် မယုတော့ဘူး......"ခပ်ပြတ်ပြတ်ပြောရင်း လှည့်ထွက်သွားတဲ့
သူမကြောင့် ရန် ဆိုင်ရှင်ကိုလက်ကာပြကာ
နောက်ကနေပြေးလိုက်ရင်းမိချိန်
လက်ကောက်ဝတ်လေးကိုဖမ်းဆွဲလိုက်မိသည်။
လွမ်းနေခဲ့မိတာ!!?“ရှင် ကျွန်မကိုလွှတ်......"
လက်ကိုဆောင့်ရုန်းရင်းထွက်သွားရန်ပြင်နေတဲ့သူမကြောင့် ရန် အရှေ့ကနေ
ပိတ်ကာလိုက်ရင်းမှ“စကားနည်းနည်းပြောရအောင်....."
“ဘာအတွက်နဲ့လဲ......"
သူ့မျက်နှာကိုမြင်တာနဲ့ ဆူပွက်လာတဲ့
ရေနွေးအိုးပူပူလို တစ်ကိုယ်လုံးပူထူကာ
ဝမ်းနည်းရှက်ရွံ့ခြင်းမျက်ရည်တွေက
မျက်ဝန်းထက်ခပ်ရေးရေးလေးအရာထင်၏။ကြွေ မျက်ဝန်းကိုမော့ရင်းမှ မျက်ရည်တွေကို
ပုတ်ခတ်ကာ သူ့ကိုတည့်တည့်ပြန်စိုက်ကြည့်ရင်းမှ
YOU ARE READING
~~ဦးပေးသောအမုန်း~~ {Complete}
Romanceရင်ထဲမှာပြည့်သိပ်နေတဲ့ အရာအားလုံးက ဦးပေးတဲ့ အမုန်းတွေချည်းပဲ