![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Unicode
~~ ဦးပေးသောအမုန်း~~
အပိုင်း~~၁၄~~
ကြွေ ရုတ်တရက် စိတ်တွေပြန်လည်
စုစည်းလာတာမို့ ခေါင်းပေါ်က
သူ့လက်တွေကိုသတိထားမိကာ
ရုန်းထွက်လိုက်သည်။သူကလဲဗိုက်ကိုကိုင်ရင်းမှ မျက်နှာလွှဲလိုက်
ချောင်းဟန့်လိုက်လုပ်နေတာမို့ ကြွေ
ရင်ဘတ်လေးကိုတင်းကျပ်နေအောင်
ဆွဲစိထားကာ သူ့ကိုမသိမသာခိုးကြည့်မိ၏။သူရှက်နေတာလား??
အနည်းငယ်ရဲတဲတဲဖြစ်နေတဲ့မျက်နှာထားက
ပုံမှန်ထက်ပိုကြည့်ကောင်းသည်။
ကြွေ အမှတ်တမဲ့ကြည့်နေမိရင်း
အခြေအနေကိုပြန်သုံးသပ်ကာ
ကုတင်ပေါ်ကထရပ်လိုက်၏။“ကြွေ မမှားတာယုံတယ်မလား??.....”
တကယ်ကိုရင်ထဲကခံစားချက်တွေနဲ့
မေးလိုက်တဲ့အခါ သူကကြွေ့ကို
ကြည့်လာရင်း“အင်း....."
တစ်ခွန်းထဲသာပြောရင်းခပ်သွက်သွက်
ထွက်သွားတာမို့ ကြွေ့နှုတ်ခမ်းလေးတွေက
အလိုအတိုင်းပြုံးသွားမိသည်။မေနေ့စွဲကိုစိတ်တိုတဲ့စိတ်တွေက
ဘယ်တွေကိုလွင့်စင်ကုန်မှန်းမသိ!!
တစ်ကိုယ်တည်းကြိတ်ပြုံးရင်းအဝတ်လဲရန်
ရေချိုးခန်းထဲဝင်လာခဲ့၏။ဒီအခန်းကသူဝင်ချင်တိုင်းဝင်လို့ရနိုင်တဲ့
အခန်းဆိုတော့ မတော်လို့များပြန်ဝင်လာရင်
ဘယ်လိုလုပ်မလဲ??ရေချိုးခန်းထဲမှာအင်္ကျီတစ်ထည်ပြန်လဲရင်း
ပြဲသွားတဲ့အဝတ်လေးကိုကြည့်ကာ
မျက်ရည်ဝဲပြန်သည်။
မေမေမသေခင် ဝယ်ပေးခဲ့တဲ့
ဒီအင်္ကျီလေးကိုမြတ်နိုးလွန်းတာမို့
အမြဲတမ်းထုတ်မဝတ်ပဲတောင်
သိမ်းထားမိခဲ့တာ!!
![](https://img.wattpad.com/cover/356498158-288-k337270.jpg)
YOU ARE READING
~~ဦးပေးသောအမုန်း~~ {Complete}
Romanceရင်ထဲမှာပြည့်သိပ်နေတဲ့ အရာအားလုံးက ဦးပေးတဲ့ အမုန်းတွေချည်းပဲ