🍂🍂17🍂🍂

2.8K 32 0
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

~~ ဦးပေးသောအမုန်း~~

          အပိုင်း~~၁၇~~

သူထားခဲ့တဲ့အတိုင်းနေရင်းမှ
တဖြည်းဖြည်း ကြာလာပြီမို့ ကြွေနည်းနည်း
စိတ်ပူလာသည်။
နာရီပတ်တတ်သူမဟုတ်တာမို့
ဘယ်နှစ်နာရီရှိပြီမှန်းလဲမသိ!!!

ကြွေတို့ထွက်လာတော့ ၈နာရီရှိပြီ....။
အခုဆို ၁၀နာရီလောက်ရှိလောက်ပြီပေါ့!!

နေကလူတည့်တည့်ကိုထိုးလာတာမို့ ကြွေ
လက်လေးတွေပွတ်သပ်ရင်းမှ မထူးတဲ့အဆုံး
သုသာန်ထဲပြန်ဝင်လာခဲ့၏။

လက်ကိုင်ဖုန်းလေးက ကားပေါ်က
အိတ်ပြားလေးထဲပါသွားတာမို့ သုလာမလား
မလာသေးဘူးလားလဲလှမ်းမမေးနိုင်!!

သုသာန်ထဲလမ်းလျှောက်ရင်းမှ ဘာရယ်မဟုတ် အုတ်ဂူတွေကိုတစ်ခုချင်းစီ
လိုက်ကြည့်မိသည်။

ကလေးတွေထားတဲ့နေရာကတစ်ခုမို့ ကြွေ
အစွန်ဆုံးကနေစကာ တစ်ခုချင်း
လိုက်ပတ်ကြည့်ကာ နာမည်နဲ့အသက်တွေကို
တွဲဖက်မှတ်ကာ ပါးစပ်ကပါရွတ်မိ၏။


တစ်ခုချင်းစီလိုက်ကြည့်ရင်း ညောင်းတာမို့
ကြွေ ခဏထိုင်ချရင်းမှသက်ပြင်းချမိသည်။
ညောင်းလဲညောင်း ပျင်းလဲပျင်းနေပြီ
သူကလာမခေါ်သေးဘူးလား??

တစ်ကိုယ်တည်းတွေးရင်းမှ ထိုင်ရတာပျင်းလာချိန် ထရပ်ရင်းမှ အုတ်ဂူရေတဲ့
အစီအစဉ်ကိုပြန်လည်စလိုက်၏။

တစ်ခုပြီးတစ်ခုရေရင်း နာမည်က
ဒေါ်ရွက်နုသစ်ဆိုတာမြင်လိုက်ရသည်။
လုကရင်ထဲဒိန်းခနဲဖြစ်သွားရင်း
အုတ်ဂူနားသေချာကပ်ကာ
အနားတိုးကြည့်ချိန် ၄၉နှစ်ဆိုသော
အသက်ကိုမြင်လိုက်ရ၏။

~~‌ဦးပေးသောအမုန်း~~ {Complete}Where stories live. Discover now