🍂🍂13🍂🍂

615 15 0
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

~~ဦး‌ပေးသောအမုန်း~~

             အပိုင်း~~၁၃~~

“အဲ့ဝာာ ဘာဖြစ်နေကြတာလဲ....."

ကြားလိုက်ရတဲ့ခပ်ဆတ်ဆတ်အသံကြောင့်
နှစ်ယောက်သားရဲ့အခြေအနေက
မီးကိုရေနဲ့ညှိမ်းလိုက်သလို ငြိမ်သက်သွား၏။
ကြွေ သူဘာတွေပြောမလဲမသိတာမို့
အောက်မှာကျနေတဲ့နားကျပ်တွေကို
ကောက်ယူကာ နားမှာတပ်လိုက်သည်။

မေနေ့စွဲ တကယ်နာကျင်တာမို့
မျက်ရည်တွေဝေ့သီနေတာကိုအခွင့်ယူကာ
မင်းရန်ဘက်ဆီပြေးသွား၍ လက်မောင်းမှာ
ပါးကပ်ထားရင်းမှ

“မေ့ကိုသူအရင်အနိုင်ကျင့်တာ....."

ကြွေ ဘာမှမပြောနေပဲသူ့ကိုခပ်စူးစူး
စိုက်ကြည့်ပေးလိုက်၍ ကြွေမှန်ကြောင်း
သက်သေပြမိသည်။
ပြီးတော့ကြွေ့ကိုအဲ့လိုတရားခံမျက်ဝန်းတွေနဲ့
သူကြည့်လာမှာကိုမလိုလားပေ.....။

“သူပြောတာတကယ်လားရွက်ဟောင်းကြွေ
မင်းကိုငါဘာပြောထားလဲ....."

သို့ပေမဲ့ကြွေ့ရဲ့မျက်ဝန်းတွေက
သု့အတွက်အသုံးမဝင်စွာ ခပ်မာမာ
မေးသံကထွက်လာတာမို့ ရင်ထဲ
ခံရခက်လှ၏။

“ရှင်သူ့ကိုယုံတာပဲလား??....."

“ယုံဝာာမယုံတာငါ့ကိစ္စ
အဓိကကမင်းကိုပြောထားတဲ့စကားတွေကို
မင်းအလေးထားဖို့ပဲ....."

ဖေဖေ့လိုလူမျိုးနောက်တစ်ယောက်
တွေ့တာမို့ ကြွေ နှုတ်ခမ်းလေးတွေ
နာကျင်စွာမဲ့ကျသွားရင်းမှ

“ဟုတ်ပါတယ် ရှင်ပြောတိုင်းကျွန်မက
ငြိမ်ခံရမှာဟုတ်တယ်မလား??
အဲ့တာဆိုလဲမေးမနေပဲ ကျွန်မကိုပဲ
ရှင့်စိတ်ကြိုက်ပြောဆိုလိုက်....”

~~‌ဦးပေးသောအမုန်း~~ {Complete}Where stories live. Discover now