Unicode
~~ ဦးပေးသောအမုန်း~~
အပိုင်း~~၂၇~~
“နင် နင် ငါ့ကိုရိုက်တယ်ပေါ့ဟုတ်လား??....”
မေနေ့စွဲပြောတာကိုကြွေကခေါင်းသာ
ညိမ့်ပြရင်း ခပ်ထေ့ထေ့ပြန်ကြည့်နေသည်။
ထိုအခါ နာကျင်တာရောခံပြင်းတာပါပေါင်းကာ မေနေ့စွဲကရန့်ကိုဒေါသတကြီး
လှည့်ကြည့်လိုက်ရင်းမှ“ကိုကိုဒီကောင်မ ဂြိုလ်ကြွတာကို
မပြောတော့ဘူးလား ဟမ် အဲ့တိုင်းပဲ
ရပ်ကြည့်နေမှာလား??....."ထိုအခါမှ ရန်ကအသိဝင်ကာ
လဲကျနေတဲ့မေနေ့စွဲကို ထူရင်းမှ“ကြွေ့ကို ကိုကိုပြန်ခေါ်ထားတာ!!....."
“ဘာ .....”
ရန့်အပြောကြောင့်မေနေ့စွဲရဲ့ဘာခနဲနေသံက
စူးခါသွားသည်။
ကြွေ့ကိုပြန်ကြည့်တော့ နှုတ်ခမ်းတွန့်ပြီး
ရယ်ပြနေတာမို့ မေနေ့စွဲဒေါသကို
ဆွဲဆန့်သလိုဖြစ်ကာ“ဘာလို့လဲ သူနဲ့မပတ်သတ်ပါနဲ့လို့
ကြွေ အတန်တန်ပြောထားရဲ့ကြားက
ကိုကိုဘာကြောင့်နားမထောင်တာလဲ??.....”ပြောရင်းမေနေ့စွဲက မျက်ရည်တွေ
ကျဆင်းလာတာမို့ ရန် ကျစ်သပ်ကာ
ဆံပင်တွေကိုဆွဲဖွရင်းမှ“သူကညီ့ကိုသတ်ခဲ့တဲ့လူမဟုတ်ဘူး.....”
သူ့နည်းတူအထင်မှားနေတဲ့မေနေ့စွဲက
ထိုစကားလဲကြားရော မျက်နှာကနဂိုထက်
ပိုမိုတင်းမာသွားကာ“ကိုကိုသူ့ကိုကြိုက်လို့လိမ်နေတာမလား??
ဒိုင်ယာရီစာအုပ်ထဲမှာကိုလေးသူ့ဓာတ်ပုံကို
ထည့်ထားခဲ့တာကိုကိုလဲတွေ့ရဲ့သားနဲ့
အဲ့ထက်ရှင်းစေချင်သေးလား??....”
YOU ARE READING
~~ဦးပေးသောအမုန်း~~ {Complete}
Romanceရင်ထဲမှာပြည့်သိပ်နေတဲ့ အရာအားလုံးက ဦးပေးတဲ့ အမုန်းတွေချည်းပဲ