🍂🍂 Extra 🍂🍂

6.5K 69 6
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode




Special Mini part

“ရန်သူမကင်း!......"

အော်သံကကျယ်လောင်နေပေမဲ့
အိပ်ယာပေါ်က ကင်းတစ်ယောက်
တုတ်တုတ်မျှမလုပ်!!!
တဒုန်းဒုန်းတက်လာတဲ့ခြေသံကြောင့်
မာမီ အပေါ်တက်လာပြီမှန်းသိပေမဲ့
မထပဲတမင်မှေးအိပ်နေလိုက်သည်။

ပြီးတာနဲ့အခန်းထဲရောက်လာကာ
ကိုယ်လုံးပေါ်ကစောင်ကိုဆတ်ခနဲ
ဆွဲဖယ်ရင်း ပါးစပ်ကလဲတတွတ်တွတ်ပြောနေသေး၏။

“ဟမ် မအေကနှိုးရင်ကြားလို့တောင်
မထဘူး.....အမြဲတမ်းမထီမဲ့မြင်
ဒီအမေကသူတို့စားဖို့ကနေ ဟိုး
*င်ဆေးဖို့အထိ အကုန်လိုက်လုပ်ပေးနေတာ
နည်းနည်းသိတတ်ပြီးကူညီပေးမယ်လဲမရှိ
နှိုးရင်လဲ တစ်ခွန်းနဲ့မထ....”

ပြောရင်း စောင်ကိုခပ်ဆတ်ဆတ်
ဆွဲခေါက်ကာ ကင်းကိုမွေ့ယာပေါ်ကနေ
ဆတ်ခနဲဆွဲထူရင်းမှ ခေါင်းအုံးတွေကို
နေရာတကျပြင်ရင်း အိပ်ယာသိမ်းသည်။


အိပ်ချင်မူးတူးကုတင်ပေါ်မှာဒီတိုင်းထိုင်နေတဲ့ ကင်းကြောင့် ကြွေတစ်ယောက်
ဒေါသကငယ်ထိပ်တက်ဆောင့်ရင်း
နားရွက်နုနုကို နာနာလေးလိမ်ကာ

“အဲ့နာကကြားရလား?? အမေဒီလောက်
အမြှုပ်ထွက်မတတ်ပြောနေတာ
နားမပါဘူးလား....ဟမ် အခုချက်ချင်းထပြီး
ရေသွားချိုးစမ်း ၇နာရီခွဲနေပြီ
နင်ကျောင်းရောမတက်တော့ဘူးလား....."

“ကျစ် မာမီရာ နာတယ်...."

“အေ နာရင်ကိုယ့်အသိနဲ့ကိုယ်ထလေ
မအေကအကုန်တစ်ခုချင်းလိုက်လုပ်ပေးနေရတာ တစ်ယောက်တည်းရှိပေလို့တော်သေးတာပေါ့ နင်လိုဟာမျိုး
နောက်‌ထပ် ၂ယောက်လောက်သာရှိရင်
ရွက်ဟောင်းကြွေဆိုတဲ့ငါလဲ မြေကြီးထဲကို
တစ်ခါထဲကြွေကျတော့မယ်!!...."


~~‌ဦးပေးသောအမုန်း~~ {Complete}Where stories live. Discover now