🍂🍂26🍂🍂

717 18 0
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

~~ ဦးပေးသောအမုုန်း~~

       အပိုင်း ~~၂၆~~

ဒီနေ့သုံးရက်ပြည့်ချိန် ဖေဖေ
ပြန်လာမည်ဆိုတာကြောင့် ကြွေ
ဖွယ်ဖွယ်ရာရာချက်ထားကာ မတည့်အတူနေ
အစ်မဖြစ်သူအတွက် ထမင်းချိုင့်ထည့်ရင်း
ဆေးရုံကိုရောက်လာခဲ့၏။
လာပေးတိုင်းကြည်ကြည်ဖြူဖြူမယူပေမဲ့
ကိုယ်ကလွဲရင်လဲကျွေးမဲ့လူကမရှိ!!
သူ့ကိုအခွင့်ရေးယူထားတဲ့ ယောင်္ကျားကလဲ
တစ်ချက်တောင်လာမတွေ့!!
ဘာတွေမက်မောလို့များ သူများ
ယောင်္ကျားကိုဖက်တွယ်နေရတာလဲမသိပေ!!!


စိတ်တိုစွာတွေးရင်းမှ ဆေးရုံကုတင်ပေါ်
ကြည့်လိုက်ချိန် ဖရိုဖရဲဖြစ်နေသော
စောင်အဖြူရောင်ကသာစီးကြိုနေသည်။
ကြွေ တစ်ခန်းလုံးပတ်ရှာပေမဲ့ မမသစ်ကို
ဘယ်မှာမှရှာမတွေ့ပေ.....။

ထိုစဉ် အခန်းထဲကိုတွန်းလှည်းတွေနဲ့
ဝင်လာသော သူနာပြုမလေးတွေကြောင့်
ကြွေ ထမင်းချိုင့်ကိုဘေးပေါ်တင်ရင်းမှ
ထိုနားကိုအပြေးသွားကာ

“ဒီကလူနာရောဟင် သူတစ်နေရာရာများ
သွားတာလား??  မတွေ့တော့လို့ပါ....."

ကြွေ စိတ်ပူစွာပြောနေတော့
ဆရာမလေးတွေက တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်လိုက်ရင်းမှ

“သူ့ကိုအစောကပဲအမျိုးသားတစ်ယောက်
လာခေါ်သွားလို့လိုက်သွားပါတယ်နော်
ဆရာကဆေးစစ်ချက်ပေးဖို့တားတာတောင်
မရဘူး....."

“ဟင် ဘာဆေးစစ်ချက်လဲဟင်.....”


ကြားလိုက်ရတဲ့စကားတွေကြောင့်
ကြွေ ပြန်မေးလိုက်တဲ့အခါ သူမပြုမလေးက
စဉ်းစားဟန်ဖြစ်သွားရင်းမှ ကြွေ့ကို
တဖန်ပြန်ကြည့်ကာ

~~‌ဦးပေးသောအမုန်း~~ {Complete}Where stories live. Discover now