Unicode
~~ဦးပေးသောအမုန်း~~
အပိုင်း~~၆~~
"ငါ့အိမ်မှာငါ့ဇနီးအဖြစ်နေမလား အိမ်ဖော်အဖြစ်နေမလားဆိုတာမင်းကိုယ်တိုင်ဆုံးဖြတ်...."
ကြွေ့ စကားမဆုံးခင်ဖြတ်ပြောလိုက်တဲ့သူ့ကြောင့် ကြွေဒုတိယအကြိမ်စွန့်အသွားရပြန်သည်။
ကြွေ ဘယ်လိုလုပ်ရမလဲ သူ့ကိုလက်ထပ်လိုက်ရင်ကြွေ ပြေးပေါက်ပိတ်မည်။အိမ်ဖော်အဖြစ်နေမယ်ဆိုရင်သူကကြွေ့ကိုမကျေနပ်မူတွေနဲ့သေအောင်ခိုင်းနေရင်ဒုက္ခမျက်လုံးလေးတွေရွေ့လျားရင်းစဉ်းစားရခက်နေတဲ့သူမပုံကြောင့်ရန် မဲ့လိုက်သည်။
နှစ်မျိုးလုံးကသူမအတွက်မကောင်းဘူးဆိုတာကြွေ မသိပေ။သူမကနောက်ဆုံးစဉ်းစားပြီးဟန်နှင့်ခေါင်းလေးညိမ့်ကာ
"ကျွန်မတို့လက်ထပ်ကြတာပေါ့...."
ထင်ထားသည်ဖြစ်သော်လည်းတစ်ကယ်တမ်းကြားလိုက်ရတော့ရန် မှင်သက်သွားမိသည်။
သို့ပေမဲ့ကြာကြာအချိန်မယူပဲသူမကိုလိုက်ခဲ့ရန်အချက်ပြကာသူကတရားရုံးထဲအရင်ဝင်လိုက်၏။ကြိုတင်စီစဉ်ထားပြီးသားမို့တရားသူကြီးနှင့်အတူ ရှေ့နေနှစ်ယောက်ကလဲအသင့်ရှိနေသည်။
ကြွေ အံ့ဩမူကြောင့်ချွေးစေးလေးတွေပျံလာရပြန်သည်။
သူကြိုတင်ပြင်ဆင်ထားတာလား။မမသစ်ကိုရွေးပြီးရင်လဲသူဒီလိုပဲလက်ထပ်မှာလား???မေးခွန်းလေးတွေနဲ့အတူကြွေ ငေးငေးလေးရှိနေတော့သူကလက်ဖျောက်တီးရင်းသူ့အနားလာထိုင်ရန်မျက်ရိပ်ပြသည်။
ကြွေ ကြောင်အမ်းအမ်းလေးနှင့်သူ့အနားထိုင်ကာတရားသူကြီးကမ်းပေးတဲ့လက်ထပ်စာချုပ်မှာတစ်ယောက်တစ်လှည့်စီလက်မှတ်ထိုးလိုက်ကြသည်။
ထို့အပြင်ရှေ့နေနှစ်ယောက်ထဲကတစ်ယောက်ကလဲမျက်မြင်သက်သေအဖြစ်လက်မှတ်ထိုးပေးသည်။
YOU ARE READING
~~ဦးပေးသောအမုန်း~~ {Complete}
Romanceရင်ထဲမှာပြည့်သိပ်နေတဲ့ အရာအားလုံးက ဦးပေးတဲ့ အမုန်းတွေချည်းပဲ