🍂🍂28🍂🍂

760 16 0
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

~~ ဦးပေးသောအမုန်း~~

             အပိုင်း~~၂၈~~

မနက်ခင်းနိုးတဲ့အထိ သူ့လက်တွေက
ကြွေ့ရဲ့ခါးလေးပေါ်ကနေသွေဖယ်မသွား!!

ရင်တွေတသိမ့်သိမ့်တုန်ရင်းမှ
လက်တွေကိုခပ်ဖွဖွဖယ်ချကာ သူမနိုးခင်
ကုတင်ပေါ်ကဆင်းလာလိုက်သည်။

ထူးထူးဆန်းဆန်းကြည်စင်နေတဲ့စိတ်အစဉ်ကသာမန်နဲ့မတူပဲ တည်ရှိနေ၏။
ကြွေ ရေချိုးရင်းပြန်ထွက်လာချိန်
သူကနိုးနေပြီမို့ လစ်ဟာနေတဲ့ရင်ဘတ်ကို
မသိမသာကွယ်လျှိုးရင်း အိတ်ထဲက
အဝတ်ကိုယူကာ ခပ်တည်တည်ပင်
အဝတ်လဲခန်းထဲဝင်လာခဲ့သည်။

သူနဲ့မျက်နှာချင်းဆိုင်ဖို့ရာဘာကြောင့်မှန်း
မသိပူထူနေ၏။
အဝတ်လဲပြီးတမင်အချိန်ဆွဲကာ
သူရေချိုးခန်းထဲဝင်သွားကာမှ ကြွေ
ခပ်သုတ်သုတ်ပြန်ထွက်လာခဲ့သည်။

ကြွေ ရေလဲထမိန်အစိုကိုရေလှန်းကာ
ခေါင်းဖြီးသင်ရင်းအောက်ဆင်းလာခဲ့၏။

မေတိုးကမနက်စာလုပ်ရန်ပြင်နေတာမို့
ကိုယ့်အသိနဲ့ကိုယ် မီးဖိုခန်းထဲဝင်ကာ
အချိုခြောက်နှပ်လိုက်သည်။
မေတိုးက ထမင်းကြော်နေတုန်း
လှည့်ကြည့်တာကိုမသိချင်ယောင်ဆောင်ကာ
ကြွေ လက်ဖက်ရည်ဖျော်ရင်း
ရှေ့ယူလာခဲ့၏။

ဖန်ခွက်ယူရန်ပြင်ဝင်လာတော့ မေတိုးက
ထမင်းကြော်ပန်းကန်တွေကိုရှေ့မှာထားကာ
နောက်ကိုခပ်သွက်သွက်ပြန်ဝင်လာသည်။

ကြွေ ဖန်ခွက်တွေဆေးနေတော့မေတိုးက
အနားကိုသုတ်ခြေတင်ပြန်ရောက်လာကာ

“အဲ့နေ့ကကိစ္စကိုစိတ်ဆိုးနေတာလားဟင်...."

ကြွေ့ လက်တွေရပ်တန့်သွားပြီးခဏကြာ
ပြန်လည်အသက်ဝင်လာ၏။
သိရဲ့သားနဲ့မေးနေတာမို့ မဖြေချင်စွာ
တိတ်ဆိတ်နေတော့ မေတိုးကအနားကို
ပိုမိုတိုးကပ်လိုက်ရင်းမှ

~~‌ဦးပေးသောအမုန်း~~ {Complete}Where stories live. Discover now