🍂🍂20🍂🍂

2.6K 30 1
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

~~ ဦးပေးသောအမုန်း~~

          အပိုင်း~~၂၀~~

“ငါတို့ကွာရှင်းကြတာပေါ့!!!..."

စားပွဲခုံပေါ်ကပိုက်ဆံအထပ်လိုက်ရယ်
အေးစက်စွာကြည့်လာတဲ့သူ့မျက်ဝန်းတွေရယ်

နှလုံးသားတစ်ခုလုံးကိုဆားနယ်ကာ
မျက်နှာကိုခပ်ပြင်းပြင်းပိတ်ရိုက်လိုက်သည့်နှယ် နာကျင်စပ်ဖျင်းသွား၏။
သူကိုယ့်ကိုဘယ်လိုသဘောထားနေတာလဲ??

အတွေး‌တို့ဖြင့်ပူလောင်နေရင်း
မျက်ရည်တွေကျနေမိတာလဲ သတိမရ!!
သူ့ရှေ့မှာဟန်ဆောင်ရကောင်းမှန်းလဲမသိကာ ပိုးပိုးပေါက်ပေါက်ကျဆင်းလာတဲ့
မျက်ရည်ပူတွေက ရှုံးနိမ့်ခြင်းအသွင်ကို
ဆောင်သည်။
ကြွေ အနည်းငယ်ဖြူချင်နေတဲ့နှုတ်ခမ်းကို
တစ်ချက်မျှသပ်ချလိုက်မိရင်း ကိုယ့်ရဲ့
အခြေအနေကိုပြန်တွေးကာစိတ်မကောင်းမိ!!


လောကကြီးဟာမတရားတာသိပေမဲ့
ဒီလိုကြီးချိုးနှိမ်ခံရမယ်မှန်းတော့
ထင်မထားမိတာအမှန်!!
ကိုယ့်ကိုငွေနဲ့ပုံပေးဝယ်ခဲ့ပြီးအခုတော့
ငွေပုံပေးကာကွာရှင်ဖို့ဟန်ပြင်နေ၏။
ကိုယ်ဟာအမြဲတမ်းအရှုံးပေးခဲ့သူ
တစ်‌ယောက်မို့ သူအထင်သေးနေတာလား??

ရှက်ရွံ့ခြင်းမည်သောအရိပ်မည်းတစ်ခုက
မျက်ဝန်းထဲလက်ခနဲဖြစ်သွားချိန်မှာ
ကြွေ လက်သီးလေးကိုခပ်တင်းတင်း
ဆုပ်လိုက်မိရင်းမှ

“အကြောင်းပြချက်ပေးပါ....."

“ဘာအတွက်လဲ??....."

ပြန်မေးလိုက်ပုံက လူကိုသိမ်ငယ်သေးနုတ်သွားစေသည်။
မြေနိမ့်ရာလှံစိုက်ချင်တာလား??
အားမတန်မာန်လျော့နေရပေမဲ့
မျက်ဝန်းတစ်စုံကတော့ အလွဲသုံးစား
လုပ်ခံရတဲ့ခံစားချက်တွေအတွက်
နီရဲခံပြင်းနေရင်းမှ

~~‌ဦးပေးသောအမုန်း~~ {Complete}Where stories live. Discover now