Unicode
~~ ဦးမုန်းသောအမုန်း~~
အပိုင်း~~၂၁~~
နာကျင်သောနှလုံးသားက
သွေးစိမ်းရှင်ရှင်ကျနေသလို
ခံရခက်လှသည်။
သူမဘယ်လိုအပြစ်တွေကြောင့်များ
အခုလိုမကောင်းတဲ့ဝဋ်ကနေမကျွတ်တာလဲ??တွေးတွေးဆဆနဲ့နေရင်းမှ ကြွေ
စာသင်တာကိုလဲစိတ်ကမရောက်!!
မိနစ်ခြား လည်လည်လာတဲ့မျက်ရည်တွေက
အနာဟောင်းကိုဆွသလို နာကျင်
အောင့်သက်စေ၏။
ဒီလောက်ပြင်းထန်တဲ့သူ့စကားတွေ
ကြားရတာတောင်ကြွေက သူ့ကိုမုန်းမှ
မမုန်းခဲ့နိုင်ပဲ!!မနေ့က အိမ်တန်းပြန်ဖို့စိတ်မဆုံးဖြတ်ရသလို
မရဲတာမို့ ကြွေ ဆရာမကြီးအကူညီနဲ့
ဂေဟာမှာသာလာအိပ်မိသည်။
ဆရာမကြီးကလဲ ကိုယ်လုံးတုတ်တာမို့
တစ်ခန်းထဲရှိတဲ့အခန်းထဲ ကုတင်တစ်ခုထဲမှာ နှစ်ယောက်မျှအိပ်ရတာ
သိပ်တော့အဆင်မပြေ!!ကြွေ့ကိုအားနာလို့ တစ်ဖက်တည်းစောင်းအိပ်ပေးတဲ့ဆရာမကြီးက မနက်ကျတော့
ခါးတစ်ခြမ်းနာနေသည်တဲ့!!
အားလုံးကကိုယ့်ကြောင့်ပဲမို့
မျက်နှာပူစွာ တောင်းပန်စကားအထပ်ထပ်ဆိုရင်း ကြွေ စာသင်နေရခြင်းဖြစ်၏။တစ်ခုတော်သေးတာက သူ့ဘက်ကကြွေ့ကို
နူးနူးညံ့ညံ့တွေအရမ်းမဆက်ဆံပြလို့
နည်းနည်းခံသာသည်။
မဟုတ်ရင်အခုလိုသူ့ကိုရုတ်တရက်
ဆုံးရှုံးလိုက်ရချိန် ကြွေအဆမတန်
နာကျင်မှာဖြစ်၏။“တီတီ မီးကိုခဲတံချွန်ပေးဦး.....”
ဓားလေးနဲ့ခဲတံကိုင်ကာအနားပြေးလာတဲ့
မိချစ်ကြောင့် ကြွေ မျက်နှာကိုပြင်ရင်းမှ
ခဲတံချွန်ပေးလိုက်သည်။
ကြွေဟာ ပုံမှန်အတိုင်းလည်ပတ်လို့ရရဲ့နဲ့
ဘာကြောင့်အထူးတလည်ခံစားနေမှာလဲ??
သူနဲ့မတွေ့ခင်ကရော ကြွေဟာဒီလိုပဲ
ဖြတ်သန်းလာတာ အခုလဲဘာထူးလဲ
အတူတူပဲပေါ့!!
YOU ARE READING
~~ဦးပေးသောအမုန်း~~ {Complete}
Romanceရင်ထဲမှာပြည့်သိပ်နေတဲ့ အရာအားလုံးက ဦးပေးတဲ့ အမုန်းတွေချည်းပဲ