🍂🍂18🍂🍂

607 15 0
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

~~ ဦးပေးသောအမုန်း~~

             အပိုင်း~~၁၈~~

သူမကိုတမင်ပင်သုသာန်မှာထားခဲ့ရင်း
တစ်ယောက်တည်းပြန်လာကာ ရန်
ဒေါသခိုးဝေနေရ၏။
လူတစ်ယောက်လုံးကိုသေမလိုနီးပါးထိ
နှိပ်စက်ပြီးကာမှ မထင်မှတ်လို့ပါတဲ့!!
တကယ်ပါ ပြောရဲတဲ့ပါးစပ်ကိုလဲ
ဩချလောက်သည်။

အရက်ခွက်ကိုပထမအကြိမ်ခပ်ကြမ်းကြမ်း
မော့ချလိုက်ရင်း သူ့လက်တွေတင်းကျပ်သွား၏။

အတိတ်ကအကြောင်းတွေက
ပြန်မတွေးချင်ပေမဲ့လဲ သူ့ခေါင်းထဲ
အချိုးမညီစွာဝင်ရောက်လာပြန်သည်။

>>>>>

လွန်ခဲ့သော တစ်နှစ်ခန့်က!!!

“မင်းပြိုင်ဘက် ညီ....ကိုကို့ကို
တံခါးဖွင့်ပေးဦး.....”

ညီဖြစ်သူရဲ့သတင်းကိုကြားကြားချင်း
နိုင်ငံခြားကနေအပြေးပြန်လာခဲ့တဲ့
ရန် အခုထိသောကကမသေ!!

တံခါးကိုတဒုန်းဒုန်းထုနေပေမဲ့အထဲက
ပြန်ဖွင့်သံမကြားရပဲ တိတ်ဆိတ်နေသည်။


ကိုယ့်မှာကမိဘသားချင်းရှိတာမဟုတ်!!
ဦးလေးကသာခေါ်ပြီးကျွေးမွေးထားတာမို့
တစ်ဉီး‌တည်းသောမိသားစုဝင်လေးကို
အသက်တမျှမြတ်နိုးပါ၏။
ဒါကြောင့်လဲနိုင်ငံခြားမှာစာသွားသင်ရင်း
လူတော်တစ်ယောက်ဖြစ်အောင်ကြိုးစားကာ
ညီလေးကိုကိုယ်ပိုင်ဝင်ငွေနဲ့ထားနိုင်အောင်
ကြိုးစားနေတာဖြစ်သည်။
ထို့ကြောင့်မေမေတို့ချန်ခဲ့တဲ့အမွေအနည်းငယ်နဲ့ ကျောင်းတက်ကာ
အပိုဝင်ငွေကိုလဲမရမကရှာလိုက်သေး၏။

သို့ပေမဲ့ ညီဖြစ်သူအသည်းအသန်ဖြစ်နေတယ်ဆိုတာမို့ ဆက် မနေနိုင်ပဲ
အမြန်ဆုံးလေယာဉ်နဲ့သူ့မှာပြန်လာခဲ့ရသည်။
အခုတော့မသေသေးတဲ့သောကမီးကို
လောင်စာမြှိုက်လိုက်သလို အသည်းထဲ
ပူလောင်ပြင်းပြသွား၏။

~~‌ဦးပေးသောအမုန်း~~ {Complete}Where stories live. Discover now