🍂🍂8🍂🍂

620 14 0
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

~~‌ဦး‌ပေးသောအမုန်း~~

              အပိုင်း~~၈~~

"နင်ဘာလာလုပ်တာလဲ...."

ဖေဖေ့စကားကြောင့် ကြွေ့ခြေလှမ်းလေးတွေရပ်တန့်သွားရသလိုဖေဖေ့ကိုငေးငေးလေးကြည့်မိသည်။ဒီလိုအမြင်စောင်းခံရမှာကိုသိနေပေမဲ့လဲတကယ်တမ်းမှာတော့ကြွေ မျက်ရည်လေးတေ‌ွဝေ့သွားရ၏။

"ကြွေ အဝတ်အစားလာယူတာပါဖေဖေ...."

ချောင်ကျနေပြီဖြစ်တဲ့ဖေဖေ့မျက်နှာကိုကြည့်ရင်းမှကြွေ သက်ပြင်းချမိသည်။ဖေဖေတော်တော်ပိန်ကျသွားတာပဲ

သို့ပေမဲ့ဖေဖေကကြွေ့ ကိုအရေးမစိုက်ပဲခြံထဲကိုဆင်းသွားတာကြောင့်ကြွေ ကျဆင်းလာတဲ့မျက်ရည်တွေကိုခေါင်းမော့သိမ်းဆည်းရင်းက‌ေကြွ့အခန်းဆီခပ်လေးလေးလျှောက်လာမိသည်။

အခန်းထဲရောက်တော့ပစ္စည်းတွေကိုလက်ဆွဲအိတ်ထဲထည့်ရင်းကြွေ အောက်ကိုပြန်ဆင်းလာခဲ့ကာ

"ဖေဖေ ကြွေဒီနေ့တစ်ရက်အိမ်မှာနေလို့ရမလားဟင်....."

ကြွေ့အပြောကြောင့်အပြင်ကိုကြည့်နေတဲ့
ဖေဖေ့မျက်ဝန်းတွေကဆတ်ခနဲရောက်လာပေမဲ့ဒေါသတွေနဲ့မဟုတ်ပဲအေးစက်စက်အကြည့်တွေဖြစ်၏။

"မရဘူး နင်သူဌေးလေးမင်းရန်ဘက်နဲ့ပဲနေရမယ် ဒီအိမ်မှာနင်နေလို့မရဘူး...."

"မင်းရန်ဘက်!!..."

တကယ်ကိုရန်သူကြီးတစ်ယောက်လို
အန္တရာယ်များတဲ့သူ့နာမည်ကို
သံယောင်လိုက်ရွတ်ရင်းမှကြွေ
ဖေဖေ့ရှေ့ဒူးထောက်ချလိုက်ကာ

"တစ်ရက်ထဲပါပဲဖေ‌ဖေ တစ်ရက်ထဲပါပဲ
မေမေ့အငွေ့အသက်လေးတွေရှိနေသေးတဲ့ဒီအိမ်မှာတစ်ရက်လောက်လေးပဲနေချင်တယ် ဖေဖေကျေးဇူးပြုပြီးခွင့်ပြုပေးပါ ဖေဖေပိုက်ဆံတွေလဲရပြီးပြီပဲ ကြွေ့ရဲ့ဆန္ဒလေးတစ်ခုကိုဖေဖေလိုက်လျောပေးပါ...."

~~‌ဦးပေးသောအမုန်း~~ {Complete}Where stories live. Discover now