Chapter 1 part 1
"ခိုး ခိုး ခိုး အကုန်ခိုးမယ်။သူလည်း ခိုးတယ်၊မင်းလည်းခိုးတယ်၊ ငါလည်း ခိုးမယ်။လူတိုင်း ခိုးတယ်။ တစ်၊ နှစ် ၊ သုံး ၊လေး အကုန်လုံးခိုးမယ်။နေ့လည်း ခိုးမယ် ညလည်း ခိုးမယ် အချိန်တိုင်း ခိုးမယ်။ငါလည်း ခိုးနေတယ်။ ပျော်ရွှင်စွာ နဲ့ ခိုးနေတယ်။ တဒ် . . . တဒ်. . . တဒ် ပေါက်ကရ ။
ငယ်ရွယ်သော မိန်းမငယ်လေးတစ်ဦးသည် သူမ၏ ကွန်ပျူတာရှေ့၌ ထိုင်နေပြီး နှုတ်မှ တ တွတ်တွတ် ရေ ရွတ်ကာ ညာဘက်လက်က မောက်စ် ကို အဆက်မ ပြတ်နှိပ်နေသည်။သူမ၏ ကြီးမား ဝိုင်းစက်ပြီး နက်မှောင်ကြည်လင်နေသော မျက်လုံးများက ကွန်ပျူတာ စခရင်ရှိ သူမ၏ လယ်ကွက်ထဲ၌ သာ စွဲမြဲ ကျောက်ချထားသည်။
သူမရဲ့ သွယ်လျတဲ့ လက်ချောင်းလေးများက သူမ သူငယ်ချင်း၏ လယ်ကွက်ထဲ ရှိ သီးနှံများကို ဆက်လက်ခိုးယူ ရန်း အဆက်မပြတ် နှိပ်နေသည်။ဆက်တိုက် ဆိုသလိုဘဲ သီးနှံများကို ခိုးယူ ရိတ်သိမ်းပြီး သူမ၏ လှပသော မျက်နှှာပေါ်၌ အပြုံးကြီးကြီး ကပေါ်လာသည်။
ဤစိုက်ပျိုးရေး ဂိမ်းကို စတင်ဖြန့်ဖြူး ပြီးထဲက များစွာသော ဖန် တွေက စွဲလမ်းရူးသွပ်ခဲ့ကြသည်။သူတို့က အလုပ်လုပ်နေစဉ်တော အတွင်းရော အလုပ်ပြီးတိုင်းရော အသီးအရွက်များကို အမြဲခိုးလေ့ရှိသည်။
တစ်ချို့ဆို ညလယ်၌ အလန်းပေးထားပြီး ထခိုးလေ့ရှိသည်။၎င်းကို သူတို့ လုံးဝ မထိန်းချုပ်နိုင်ပေ။ပြီးခဲ့သော နှစ်များတွင် များစွာသော ဂိမ်းအသစ်များ ထွက်ပေါ်ခဲ့သည်။ထို့ကြောင့် အခုလို စိုက်ပျိုးရေးဂိမ်းကို ကစားသူ နည်းသထက် နည်းလာခဲ့သည်။သို့သော်လည်း ချန်ရှောင်ရှောင် ကတော့ သူမ၏ ဂိမ်းလေးကိုသာ စွဲစွဲလမ်းလမ်း ဆက်ဆော့ခဲ့သည်။
ဘာ့ကြောင့်လဲဆိုတော့ သူမ၏ ကလေးဘဝတုန်းက အချိန်ကုန်ခဲ့သော လယ်ယာမြေ၌ နေခဲ့သော နေ့ရက်များကို လွမ်းဆွတ်သောကြောင့်ဖြစ်သည်။ထိုအချိန်တုန်းကတော့ လယ်တော ယာမြေထဲ၌ ရိုးရှင်းလွယ်ကူသော
ပေါင်းပင်းများနှုတ်ခြင်း၊ ထင်းကောက်ခြင်း၊ ဂျုံပင်များကိုရိတ်သိမ်းခြင်း၊ ဟင်းသီးဟင်းရွက်များစိုက်ပျိုးခြင်း စသော အလုပ်များအားလုံးကို လုပ်ခဲ့ဖူးသည်။
YOU ARE READING
QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်း
Fantasyအရင်က shweyee24 accမှာ တင်ထားပေမယ့် wp pw မေ့သွားလို့ ပြန်ဝင်မရတော့လို့  ဒီ acc မှာ ဆက်တင်ပါမယ်ရှင်