Chapter - 13.2 (ပျော်ရွှင်မှု)
ထိုသို့မေးနေရင်းနှင့်ပင် မောင်နှမနှစ်ယောက်သည် ဆေးပင်များကို လုံလုံလောက်လောက် ရှာဖွေပြီးပြီဖြစ်သည်။
ထိုအချိန်တွင် လျှိုတဟန်မှာလည်း ရှောင်းရှောင်းနားကပ်ဖို့ တွေးမနေတော့ပဲ တွေ့သမျှ ဆေးဖက်ဝင်အပင်များကို ခူးယူနေလိုက်သည်။
ထို့နောက်မှ သူသည် ရှောင်းရှောင်အားပေးမည်ဖြစ်သည်။
သုံးယောက်သား အချိန်ကိုမကြည့်ပဲ ဆေးပင်များရှာနေကြရင်း မသိလိုက်ခင်မှာပင် တောင်သုံးတောင်အား ကျော်ဖြတ်လာခဲ့ချေပြီ။
နေ့လယ်သို့ရောက်သောအခါ တောင်စောင်းမှနေလုံးအားကြည့်ရင်း ကျန်းယွမ်က သူ့အစ်မအားပြောလိုက်သည်။
“အစ်မ နေ့လည်စောင်းတောင်ရောက်နေပြီ ကျွန်တော်တို့ ထင်းရှာပြီးပြန်ကြမလား?”
ထိုအချိန်တွင် လျှိုတဟန်ရောက်လာပြီး လက်
ထဲမှ ဆေးပင်များအား ကျန်းယွမ်ကိုပေးလိုက်
သည်။“ရော့ ဒီမှာ”
ကျန်းယွမ်သည်အံ့ဩစွာဖြင့် "အကိုလျှိုကဘာလို့ ဆေးပင်တွေစုနေရတာလဲ" ဟုမေးလိုက်သည်။
လျှိုတဟန်ကလည်း ဖြေလိုက်သည်။
“ မင်းတို့ကို ပေးဖို့အတွက်ပေါ့ကွ”
ကျန်းယွမ်လည်း ပျော်ရွှင်စွာဖြင့် သူအစ်မအားထပ်မံအော်ပြောလိုက်သည်။
“အစ်မရေ အကိုလျှိုလည်း ဆေးပင်တွေအများကြီးရလာတယ် ကျွန်တော်တို့ပြန်ကြတာပေါ့”
“အေးအေး ခဏနေဦး ငါလာခဲ့မယ်”
ထို့နောက်ရှောင်းရှောင်းသည် မျက်စိရှေ့ရှိ လင်ဇီးပင်အား သေချာကြည့်လိုက်သည်။
ထိုလင်ဇီးသည် မွေးမြူစိုက်ပျိုးထားသည့် လင်ဇီးမျိုးမဟုတ်ဘဲ သဘာဝလင်ဇီးရိုင်းဖြစ်
သည်။လင်ဇီးပင်သည် အနည်းငယ်ခါးသော အရသာရှ်ိသည်။ သို့သော် လင်ဇီးသည် နှလုံး၊ ကျောက်ကပ်၊ အသည်းနှင့် သရက်ရွက်အား အားပြည့်စေသည်။
လင်ဇီးသည် နှလုံးအားကောင်းစေပြီး အသက်ရှု
ရလွယ်ကုစေရန် အဆုတ်နှင့်ကျောက်ကပ်အား
ကူညီပေးသည်။ ချီသွေးကြောအား ထောက်ပံ့
ပေးပြီး သွေးသားကိုသန့်ရှင်းစေသည်။ ထို့အပြင်သရက်ရွက်အား ကောင်းမွန်စေသည်။ထို့ကြောင့် လူနာများအတွက် အဓိကဆေးတ
ခွက်ဖြစ်ပြီး ပင်ပန်းနွမ်းနယ်မှု၊လနာတာရှည်
ချောင်းဆိုးခြင်း အစရှိသည့် ရောဂါများအတွက်
လည်း ကောင်းမွန်သောသက်ရောက်မှုရှိစေသည်။လင်ဇီးအား ဆေးဖက်ဝင်အပင်အဖြစ်အသုံးပြု
နေကြသည်မှာ နှစ်ပေါင်းတစ်ထောင်ကျော်ပြီ
ဖြစ်သည်။ လင်ဇီးအမျိုးမျိုးရှိသည့် အထဲမှ
ခရမ်းရောင်လင်ဇီးသည် တန်ဖိုးအရှိဆုံးဖြစ်
သည်။သူမရှေ့ရှိ လင်ဇီးသည် အနက်ရောင်ဖြစ်သည်။
သို့သော် အနက်ရောင်လင်ဇီးသညာလည်း ဆေးဖက်အလွန်ဝင်သည်။ ဤလင်ဇီးအားရှာတွေ့သောကြောင့် ရှောင်းရှောင်းတစ်ယောက် ကိုယ့်ကိုကိုယ် ကံအရမ်းကောင်းတာပဲဟု သတ်မှတ်လိုက်သည်။*သူမ ဒါကိုမှော်နယ်မြေထဲ ယူသွားသင့်လား*
လင်ဇီးသာ မှော်နယ်မြေရှိ၏အဆင့်အား
မြှင့်တင်ပေးနိုင်မယ်ဆိုပါက သူမသည် ဒါတွေကိုပါ စိုက်ပျိုးပြီး အပြင်၌ရောင်းကာ အသပြာရှာနိုင်ပေမည်။ပျော်ရွှင်နေသည့် ရှောင်းရှောင်းသည် မှော်နယ်မြေထဲတွင်စိုက်နိုင်ရန် လင်ဇီးအား သိမ်းပြီး အိမ်ကိုပြန်လာခဲ့သည်။
ဆေးဖက်ဝင်အပင်များ တပွေ့တပိုက်နှင့် ရှေ့ကိုလျှောက်နေသည့် ရှောင်းရှောင်းသည် ကျန်းယွမ် ဘေးနားတွင် ရပ်နေသည့် လျှိုတဟန်ကိုမြင်ပြီး မသိချင်ယောင်ဆောင်ကာ ရှေ့ဆက်လာခဲ့သည်။
ထိုအချိန်တွင် ကျန်းယွမ်ကဝင်ပြောလ်ုက်သည်။
“အစ်မ အကိုလျှိုက ဒါတွေကို ကျနော်တို့အတွက်ရှာပေးထားတာ”
ထိုအခါ လျှိုတဟန်သည် ရှက်ရွံ့စွာဖြင့် ရှောင်းရှောင်းအား မကြည့်ရဲသောကြောင့် ခေါင်းငုံ့နေလိုက်သည်။
ထိုအမူအရာကိုကြည့်ပြီးနောက် ရှောင်းရှောင်းတစ်ယောက် ကျေးဇူးတင်သော်လည်း ကျေးဇူးတင်စကားထွက်မလာပေ။ဟသူမသည်မောင်ဖြစ်သူအားလှည့်ကာပြောလိုက်သည်။
“ငါတို့အခုခဏနားပြီး ထင်းသွားခုတ်ကြမယ်ပြီးမှ ပြန်ကြရအောင်လေ”
ကျန်းယွမ်သည် ထိုအချိန်တွင် သူ့အစ်မအားပြောလိုက်သည်။
“အစ်မ ကျွန်တော် ရေဆာတယ် မုန်လာဥလေးကျွေးပါဦး”
ရှောင်းရှောင်းသည် တချက်ကြည့်လိုက်ကြီးအနည်းငယ်ဆူပူဟန်ပြောလိုက်သည်။
“ မင်းကလေ စားဖို့ပဲသိတယ်”“အစ်မကလဲ မုန်လာဥကစားလို့လဲ ကောင်းတယ် ရေဆာလဲပြေတယ်လေ”
ကျန်းယွမ်သည် စောဒကတက်စွာပြောသည်။ထိုအချိန်တွင် လျှိုတဟန်က ကြောင်အစွာမေး
သည်။“မုန်လာဥကဘာလဲဟင်?!”
(ဆက်ရန်)
YOU ARE READING
QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်း
Fantasíaအရင်က shweyee24 accမှာ တင်ထားပေမယ့် wp pw မေ့သွားလို့ ပြန်ဝင်မရတော့လို့  ဒီ acc မှာ ဆက်တင်ပါမယ်ရှင်