8.2
လမ်းလျှောက်ရင်း သူမ ဘဝရဲ့ အပြောင်းအလဲ အကွေ့အကောက်များအားတွေးတောကာ သတိမထားမိဘဲ အိမ်နှင့် တော်တော်ဝေးဝေးသို့ ရောက်သွားခဲ့ပြီး တောင်တက်လမ်းလေးဆီရောက်နေသည်။
တန်ဖိုးရှိသော အရာများက တောင်ပေါ်မှာ ရှိလိမ့်မည်ဟု သူမ ထင်ခဲ့ပြီးသူမက သွားရင်းသွားရင်းဖြင့် မသိစိတ်မှ မရည်ရွယ်ဘဲ တောင်ဆီသို့ဦးတည်လာခဲ့သည်။
တောင်ပေါ်မှ ပြန်ရန် သူမ အနေဖြင့် ဝါးတောကို ဖြတ်သွားရမည်။လေပြေလေးတိုက်ခတ်လာခဲ့ပြီး ထိုအထဲမှ လက်ဆတ်ဖျော့တာ့သော ဝါးနံ့သင်းသင်းလေးရနေသည်။ချန်ရှောင်ရှောင်က ဟိုဟိုဒီဒီ ကြည့်လိုက်သည်။တောင်တစ်ခုလုံးတွင် အစိမ်းရောင် ဝါးများက သေးသွယ်ပြီး ရှည်လျားကျော့ရှင်းစွာဖြင့် လေအဝှေ့တွင် ယိမ်းနွဲ့နေသည်မှာ မျက်စိအေးချမ်းလှသည်။သူတို့၏ အရွက်များကလည်း လေတစ်ချက်တိုက်လိုက်တိုင်း သဘာဝ၏ တေးသွားကဲ့သို့ စည်းချက်ညီစွာ အသံမြည်နေကြသည်။
ထိုအချိန်မှာဘဲ သူမက သဘာဝတရားကြီး၏ အလှတရားကို ခံစားမိပြီး သူမက ကောင်းကင်၌ မြောလွင့်နေသော ခံစားချက်မျိုး ခံစားနေရသည်။သူမ၏ စိုးရိမ်မှု ပင်ပန်းနွမါးနယ်မှုများက ပျောက်ကွယ်သွားသည်။သူမ၏ နှလုံးသားက ရွှင်လန်းနေပြီး ကမ္ဘာလောကကြီးက လှပနေသလို ခံစားရသည်။
ဝါးပင်များကို အများအားဖြင့် ကျေးလက်တောရွာ များတွင် မြင်တွေ့နိုင်သည်။ကြည့်ရတာ လှပရုံသာမက သူတို့၏ အရွက်၊ အသီး ၊ မှို ၊အရည်၊အခေါက်၊ အမြှစ်၊ အစို့အားလုံးက ဆေးဖက်ဝင်ကြသည်။လူအများစုကတော့ အစို့ က စားလို့ရတာကို သိကြသည်။
သူမက ဒီမြှစ်စို့များအား ဒိုင်မေးရှင်းထဲသို့ ရွေ့စိုက်လို့ ရ မရသိချင်သည်။
ထိုသို့တွေးတောပြီးနောက် သူမက စတင်ကာ အလုပ်လုပ်တော့သည်။နစ်နာစရာမှ မရှိတာ ကြိုးစားကြည့်တာပေါ့။
စိုစွတ်သော နေရာတစ်ခု၌ သူမက ဝါးစို့ အနည်းငယ် ရှာတွေ့ခဲ့သည်။သူမနဲ့ အတူ ပေါက်ပြား ပါမလာသဖြင့် တောင့်တင်းသော ဝါးကိုင်းအနည်းငယ်သာကို ရှာကာ ဝါးစို့တူးဖို့ အသုံးပြု ရသည်။
YOU ARE READING
QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်း
Fantasyအရင်က shweyee24 accမှာ တင်ထားပေမယ့် wp pw မေ့သွားလို့ ပြန်ဝင်မရတော့လို့  ဒီ acc မှာ ဆက်တင်ပါမယ်ရှင်