6.1
''သွားကြစို့ ကြက်တွေဖမ်းဖို့ အချိန်ရောက်ပြီ!!!" ကျန့်ဘင် က ပျော်ရွှင်စွာ ကြွေးကြော်လိုက်ပြီး ချိုင့်ဝှမ်းဆီသို့ သူ့ဟာသူ စတင်ဦးဆောင်သွားခဲ့သည်။
အကြီးကောင် ကျမ့်ယွမ် ၏ မျက်နှာပေါ်မှာ တောင်မှ အပြုံးကြီးကြီးရှိနေသည်။
ဒီတစ်ခေါက်ပြန်သယ်သွားစရာများတွင် ချန်ရှောင်ရှောင်က ဆေးဖက်ဝင်အပင်များ နှင့် ထင်းများနှင့်အတူ ဂူထဲသို့ မသယ်ဘဲ လိုက်လာခဲ့သည်။သူမတွေ့ခဲသည့်နေရာက နည်းနည်းဝေးတဲ့အကြောင်း သူမ မောင်နှစ်ယောက်ကို မတိုင်ခင်က ပြောခဲ့သည်။
''အကြီးဆုံးအစ်မ မနေ့က ဖမ်းခဲ့တဲ့ ကြက်တွေက မလုံလောက်ဘူး။အစ်ကို ဒီနေ့ ငါတို့ ၃ ကောင်ဖမ်းရအောင်''
''၃ ကောင်က မများဘူး။အဖေ့ရဲ့ ကျန်းမာရေးအတွက် များများ ဖမ်းရမယ်။ကျန့်ဘင် နည်းနည်းလောက် ပိုဖမ်းရအောင်''
''ငါသိပါတယ် များလေကောင်းလေပဲ ဒါဗေမဲ့ ငါတို့ ဖမ်းနိုင်ပါ့မလား? ကြက်တွေကလည်း မပြေးဘဲ ငါတို့ဖမ်းတာ ရပ်စောင့် နေမှာမဟုတ်ဘူး''
''ဘယ်လောက်ပဲ ဖမ်းရ ခက်ပါစေ ငါတို့ ကြိုးစားပြီး ဖမ်းရမယ်။ငါသိချင်တာက ဂူထဲမှာ ကြက်ဘယ်နှစ်ကောင်လောက်ရှိမလဲလို့''
''ငါပြောမယ် အနည်းဆုံးတော့ ကြက်အုပ်တစ်အုပ်လောက်တော့ ဖမ်းမိရမယ်''
''ဖြစ်နိုင်တာက ၁၀ ကောင် ကျော်ကျော်လောက် တစ်ကယ်လို့ ငါတို့တွေ သူတို့အားလုံးကို ဒီနေ့ အကုန် မဖမ်းနိုင်ရင် ငါတို့ မနက်ဖြန် ထပ်လာမယ်လေ''
''ရေး ငါတို့နေတိုင်း သူတို့ကို လာဖမ်းမယ် သူတို့အားလုံး ကုန်တဲ့အထိ''
သူမ မောင်နှစ်ယောက်၏ အပြန်အလှန်ပြောဆိုသော အသံများကြားသောအခါ ချန်ရှောင်ရှောင်၏ နှုတ်ခမ်းများက တုန်ရီသွားခဲ့သည်။ကြည်ရတာ သူမ၏ ဒိုင်မေးရှင်းထဲရှိ ကြက်နှင့် ယုန်များ ကို လွှတ်လိုက်မှသာ သူမမောင်များ၏ ဆန္ဒ အမှန်တစ်ကယ်ဖြစ်လာလိမ့်မည်။
ငါသူတို့ကို မပြောလိုက်သင့်ဘူး ဟုတ်တယ်မလား
သူတို့ ၃ယောက်က မနေ့က ချန်ရှောင်ရှောင် တွေ့ခဲ့သော ဂူဆီသို့ ရောက်ခဲ့သည်။သူတို့က ကြက်သေးသေးလေးများ၏ ပိကျိ ပိကျိ အော်သံကြားလိုက်ရသည်။ကောင်လေး နှစ်ယောက်က အလွန် စိတ်လှုပ်ရှားနေကြသည်။ကျန့်ဘင်က အော်လိုက်သည်။''အကြီးဆုံး အစ်မ ဒီမှာ တစ်ကယ်ဘဲကြက်တွေ ရှိနေတယ်။ကျနော် ကြက်သေးသေးလေးတွေ အော်သံကြားနေရ တယ်''
YOU ARE READING
QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်း
Fantasyအရင်က shweyee24 accမှာ တင်ထားပေမယ့် wp pw မေ့သွားလို့ ပြန်ဝင်မရတော့လို့  ဒီ acc မှာ ဆက်တင်ပါမယ်ရှင်