13.1

14 3 0
                                    

Chapter - 13.1 (ချစ်ခြင်းမေတ္တာ)

နောက်တစ်နေ့မနက် မိုးလင်းသောအခါ ရှောင်း
ရှောင်းသည် ဆူညံသံများကြောင့် နိုးလာခဲ့သည်။

ကြည့်ရသည်မှာ ကျန်းယွမ်၏အသံဖြစ်မည်။ ထို့
နောက် ရှောင်းရှောင်းသည် သိချင်စိတ်ဖြင့်
အသံများရှိရာ နောက်ဖေးခြံဝန်းထဲသို့ ထွက်လာခဲ့လိုက်သည်။

သူမလည်း ထမလာခင် ညီမလေးအားစောင်ခြုံပေးခဲ့ပြီး ကိုယ်တိုင်လဲအနွေးထည်ဝတ်လိုက်သည်။ ခြံဝန်းထဲသို့ရောက်သောအခါ ကိုယ်ခံပညာလေ့ကျင့်နေသည့် ကျန်းယွမ်နှင့် မိခင်ဖြစ်သူကို အံ့ဩစွာတွေ့လိုက်ရသည်။

ရှောင်းရှောင်းသည် ခေတ္တရပ်နေပြီးမှ မိခင်အားမေးလိုက်သည်။

“အမေ ကျန်းယွမ်က ကိုယ်ခံပညာ လေ့ကျင့်နေတာလား”

“ဟုတ်တယ်သမီးရေ ကျန်းယွမ်က ပျင်းလွန်းလို့ ဒီမှာသူ့ကို သေချာစောင့်ကြည့်နေရတယ်”

မိခင်က နူးညံ့စွာပြောလ်ိုက်သည်။

“သမီးလဲ နိုးလာပြီဆိုတော့ သမီးသူ့ကိုကြည့်ထားလိုက် အမေ မနက်စာသွားပြင်လိုက်ဦးမယ်”

“ဟုတ် အမေ”

ရှောင်းရှောင်းသည် ဘာမှမပြောနိုင်ဘဲ တွေဝေစွာကျန်နေခဲ့သည်။

ခြံဝန်းထဲမှာထိုင်နေရင်း ရှောင်းရှောင်းသည် မောင်ဖြစ်သူကိုကြည့်ကာ သဘောတကျဖြစ်နေသည်။

ခြေထောက်ကို ၁၅ ဒီကရီကွေးထားပြီး လက်မောင်းများအား စက်ဝိုင်းပုံအတိုင်းလှည့်ပတ်ပြီး ဆောင့်ကြောင့်ထိုင်နေသည့် ကျန်းယွမ်အားလေးစားလျက်ရှိနေသည်။ သူ့အားကြည့်ခြင်းဖြင့် ရှောင်းရှောင်းသည် ကြည့်ခဲ့ဖူးသည့် ကွန်ဖူးဇာတ်ကားအား သတိရသွားသည်။

*တကယ်ပဲ ဒီမိသားစုမှာဘယ်လိုနောက်ခံများရှိ
ခဲ့တာပါလိမ့်*

သာမန်လယ်သမားများသည် ယခုလို စာဖတ်ခြင်းနှင့် ကိုယ်ခံပညာများအားတတ်စရာ
မလိုပေ။ အတိတ်မှ ကိစ္စများအား မမှတ်မိသောကြောင့် ရှောင်းရှောင်းအံ့ဩနေမိသည်။ ချန်မိသားစုသည် တောရွာမှလာကြသူများနှင့်မတူပဲ တစ်ခုခုထူးခြားနေသည်။ အငယ်လေးများကိုကြည့်လိုက်လျှင်လည်း လူသူမရှိသည့်နေရာမှ လာခဲ့သည့်ပုံစံမပေါ်ပေ။ ယခုလည်း ကလေးများအား စာပေနှင့် ကိုယ်ခံပညာသင်ပေးနေသောအခါ သူ့အဖေ၏ရောဂါနှင့်များ ပက်သက်နေမလားဟု သူမတွေးမိသည်။

QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်းWhere stories live. Discover now