အပိုင်း-3.1
ချန်ရှောင်ရှောင်က သူမ၏ မျက်လုံးများကို ဖွင့်ကာ သူမ၏ မောင်ငယ်အားပြုံးပြလိုက်ပြီး
''ကောင်းပြီ. . . ငါ ခဏနေ လာခဲ့မယ်''''အင်း မြန်မြန်လာခဲ့''
စိတ်အခြေအနေကောင်းမွန်နေပုံရသော သူတို့၏ အမကြီးကို ကြည့်ကာ ချန်ကျန့်ယွမ် တစ်ယောက် ပဟေဠိဖြစ်စွာ နားမလည်သော်လည်း သိပ်အများကြီးမတွေးတော့ပေ။သူရဲ့အမ ကြီးက အရင်တုန်းကနဲ့ကွာခြားသွားသည်ဟု ထင်မိသော်လည်း ကလေးပီပီ သိပ်အများကြီး မတွေးတော့ပေ။
အမှန်တစ်ကယ်တော့ ချန်မိသားစုထဲရှိလူတိုင်းက ချန်အဖေမှလွဲ၍ လူတိုင်း သူမ၏ ပြောင်းလည်းမှုကို သတိပြုမိကြသည်။သို့သော်လည်း အားလုံးက မိသားစုများဖြစ်ကြသဖြင့် သူ သူမ၏ ပြောင်လဲမှုကို သိပ်အများကြီး တွေးတော မနေကြပေ။
ချန်ရှောင်ရှောင်က သူမဗိုက်ထဲ၌ မုန်လာဥဖြူစားထားပြီး တင်းနေသဖြင့် ဆန်ပြုတ်ကိုသာ ဖျစ်ညစ်သောက်လိုက်ပြီး ကျန်သော ဘန်းမုန့်တစ်ချပ်ကို အခြား ညီအစ်ကို မောင်နှမ များအား ဝေငှပေးလိုက်သည်။အခုအခါ အဓိက ပြဿနာက သူမ၏ နယ်မြေထဲမှာ ပစ္စည်းများကို ထုတ်၍ ဘယ်လို အကြောင်းပြချက် ပေးမလဲဆိုတာ တွေးပူနေရသည်။
သူမအနေဖြင့် အမှန်တရားအား အမျိုးသမီးချန်အား ပြောပြလို့မရပေ။ထိုနယ်မြေအကြောင်းကို သူမရှင်းပြလို့ ဘယ်လိုမှ အဆင်မပြေနိုင်ပေ။
ချန်ရှောင်ရှောင်က ၄င်းတို့ကို အပြင်သို့ထုတ်ယူရန် ဘယ်လို လုပ်ရမှန်း မကြံတတ်သဖြင့် သူမခေါင်းကိုသာ ထုလိုက်သည်။ဒါကတော်တော်ကို စိတ်အနှောင့် အယှက် ဖြစ်ရတာပဲ။
''အကြီးဆုံးအစ်မ ဒီနေ့ သားတို့တောင်ပေါ်တက်ပြီး ထင်းခုတ်ရမယ့်နေ့ပဲ။ကျွန်တော်တို့ က ထင်းခုတ်တာ နှေးတယ်'' သူမ၏ မောင်ငယ် ချန်ကျန့်ယွင်ပြောလိုက်သော စကားများက သူမ၏ အတွေးများအား ပြတ်တောက်သွားစေခဲ့သည်။
တောင်ပေါ်သွားမှာလား
အလုပ်ဖြစ်ပြီ။တောင်ပေါ်ကို သွားခဲ့လို့ရင် အနည်းဆုံးဒီပစ္စည်းတွေ ဘယ်ကရလဲဆိုတာ အကြောင်းပြချက်ပေးလို့ရပြီ။
YOU ARE READING
QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်း
Fantasyအရင်က shweyee24 accမှာ တင်ထားပေမယ့် wp pw မေ့သွားလို့ ပြန်ဝင်မရတော့လို့  ဒီ acc မှာ ဆက်တင်ပါမယ်ရှင်