11.2

12 4 0
                                    

11.2

ထိုလူများ  မြင်ကွင်းမှ  ပျောက်သွားပြီးနောက်  သူမ  သူမအမေကို ကြည့်လိုက်သောအခါ  မျက်နှာ မသာမယာ ဖြစ်နေတာတွေ့လိုက်ရသည်။ထိုအရာ  က  အိမ်ထဲ၌ ရှိသော  အဖေ၏ အခြေအနေ နှင့်ပက်သက်၍ သူမအား စိုးရိမ်ပူပန်စေသည်။

ကလေး ၃ ယောက်အား  အပြင်၌  ကစားရန် ပြန်လွှတ်လိုက်ပြီးတဲ့နောက်  သူမက သူမအမေ နှင့်အတူ  အဖေ နေထိုင်သော နေရာ သို့လိုက်လာခဲ့သည်။သူက  အိပ်မနေတာ သတိပြုမိပြီးနောက်  သူမက နှုတ်ဆက်လိုက်သည်။

ချန်ပိုယွမ်က ခေါင်းငြိမ့်ကာ နှုတ်ဆက်လိုက်သည်။သူ့ပုံစံက  ဘာမှ  မဖြစ်သလိုပင်။

''အဖေ  သမားတော်က ဒဏ်ရာနဲ့ ပက်သက်ပြီး  ဘာပြောလဲ''  ချန်ရှောင်ရှောင်က  ဆေးပင်များနှင့်ရင်းနှီးသော်လည်း  လူနာ၏အခြေအနေနဲ့ပက်သက်ပြီး  ရောဂါမရှာဖွေတတ်ပေ။

''ခက်ခဲမယ်လို့ ပြောသွားတယ်။ပထမတုန်းကအတိုင်း   ဆေးပင်တွေနဲ့ဘဲ ကုသကြပြီး  အကြောင်းထူးမလားကြည့်ကြည့်တာပေါ့'' ချန်ကိုယွမ်က  သူမကို  တစ်ချက်ကြည့်ကာ အကြောင်းအရာအားပြောင်းလိုက်ပြီး  မေးလိုက်သည်။ ''မင်းတို့ နှစ်ယောက် မြို့ကို သွားတာ ဘာအကြောင်းထူးသေးလဲ  ပြောပါအုံးး''

အစောပိုင်းက  လူတွေအများကြီးရှိနေသဖြင့် ချန်ပိုယွမ်က  ဘာတွေဖြစ်ခဲ့သလဲဆိုတာ  မသိပေ။ဒါဗေမဲ့  သူမတို့  ခရီးထွက်ပြီး  ကြက်များ  နှင့်  ယုန်များကို ရောင်းချပြီးနောက်  သမားတော် တစ်ယောက်ကို  ပင့်လာပြီးနောက်  အခြေအနေ မူမမှန်တာ  ခန့်မှန်းမိလိုက်သည်။သူက  သူမတို့ တစ်ယောက်ယောက်ကို ခေါ်လာသောအခါ  အံ့အားသင့်သွားခဲ့သည်။

အမျိုးသမီးချန်က  ဘာကိုမှ  မကွယ်မဝှက်ဘဲ  နင်အိမ်တော်က  ဘဏ္ဍာစိုးနဲ့ တွေ့တဲ့အကြောင်းပါ ပြောပြလိုက်သည်။ချန်ပိုယွမ်က ထိုအကြောင်းကို ကြားပြီးနောက်  တိတ်ဆိတ်သွားခဲ့သည်။ထို့နောက်သူက သူ့သမီးအား  မေးလိုက်သည်။
''ရှောင်ရှောင်  ဒိုင်မေးရှင်းထဲမှာ စိုက်ပျိုးမွေးမြူတဲ့ အသီးအရွက်တွေနဲ့ တိရစ္ဆာန်တွေက  အပြင်က တိရစ္ဆာန်တွေနဲ့  စားရတာ  ဘယ်လို ကွာခြားလဲ''

QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်းWhere stories live. Discover now