2.2(unicode)

35 2 0
                                    

Chapter-2 (part -2)

''ရှောင်ရှောင်  ဘာမှားလို့လဲ''   အမျိုးသမီးချန်က  သူမသမီး ၏ ပြောင်းလဲမှုကို  အရင်ဆုံး သတိပြု မိသူဖြစ်သည်။

သူမရဲ့ ညီအစ်ကို မောင်နှမများက အစားအသောက်ကို တိတ်တဆိတ်စားနေခဲ့ပြီး  သူတို့အမေ၏ ပြောစကား ကြားတဲ့အခါမှ သူမကို မေ့ကြည့်လိုက်ကြသည်။ချန်ရှောင်ရှောင်က  သူတို့ကို ပြောပြလို့  မဖြစ်တဲ့အတွက်
''အမေ တို့ . . . . အရင်စားနှင့်ကြနော်။သမီး     ခဏနေပြန်လာခဲ့မယ်''

အမျိုးသမီးချန်ဘာမှ  မတုန့်ပြန်နိုင်သေးခင်မှာဘဲသူမက  သူမအိမ်လေးထဲသို့ ဝင်သွားခဲ့သည်။

''ဒီကလေးမ. . . . ဖြစ်တာပါလိမ့်''
အမျိုးသမီးချန်က နဲနဲ စိုးရိမ်သွားသော်လည်း  သူမရှေ့က ဆာလောင်နေသော်လည်း  သူမကိုစောင့်နေသော  ကလေး၃ဦးအားကြည့်ကာ  ပြောလိုက်သည်။ ''မင်းတို့    စ စားလို့ရပြီ။မင်းတို့  အမကြီးအတွက်  ဘန်းမုန့်၁  ခုချန်ထားလိုက်''

သူမအိမ်ဘေးထဲရောက်တဲ့အခါမှာ  ချန်ရှောက်ရှောင်က  သူမအိပ်ရာပေါ်၌  တင်ပလွေခွေထိုင်လိုက်ပြီး သူမကြားခဲ့သောအရာအား သေချာစေရန်  အတည်ပြုလိုက်သည်။သူမက သူမကိုယ်သူမတည်ငြိမ်အောင်ထိန်းလိုက်ပြီး  သူမစိတ်ထဲ၌ ပြောလိုက်သည်။
( ဒိုင်မေးရှင်း=နယ်မြေ)

''နယ်မြေထဲ ဝင်မယ်''

စက္ကန့်အနည်းငယ်ကြာသောအခါ  သူမမျက်တောင်ခတ်လိုက်သည်။သူမမျက်စိရှေ့၌  မြင်လိုက်ရသော  အရာရာတိုင်းက  သူမ၏ QQ Farm နှင့် တူသော  တဲငယ်၊ ထွန်ယက်ထားသော  လယ်ကွင်းများနှင့်  ရေကန်လေး တစ်ခုကို တွေ့လိုက်ရသည်။

ဒါတစ်ကယ်ပဲ. . . . ဒါအစစ်အမှန်ပဲ။ချန်ရှောင်ရှောင်တစ်ယောက်ပျော်လွန်းသောကြောင့်  ခုန်ဆွ  ခုန်ဆွ လုပ်နေခဲ့သည်။သူမဟာ  သူမအဆုတ်ကွဲလောက်အောင်  ကျယ်လောင်စွာ  အော်ချင်ခဲ့သည်။

အချိန်အကြာကြီး  နယ်မြေထဲ၌ နေပြီးသောအခါ  မည်သို့သော အတားအဆီးမှ မကြုံရပေ။

အချိန်ကြာလာသောအခါ  သူမအတော်လေး တည်ငြိမ်လာသည်။

သူမရှေ့၌ ရှိသော လယ်ကွက် ၁၀ ကွက်ကို ကြည့်ကာ သူမဝေခွဲမရဖြစ်ကာ  မေးလိုက်သည်။
''ငါ သိသလောက်  QQ Farm က လယ်ကွက် ၆ ကွက်နဲ့  စတာလားလို့''

QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်းWhere stories live. Discover now