Chapter-8.1
''ဟုတ်တယ် ၄ ရှီချန်။(၁ ရှီချန် ၂နာရီ)
ဒါ့ကြောင့် သမီးက တစ်နေ့ကို ၄ ခါ ရိတ်သိမ်းရတယ်။ဒါမှမဟုတ် အနည်းဆုံး ၂ ကြိမ်ပေါ့။အဲဒါကို ပြောရမယ်ဆိုရင် . . . . ''ချန်ပိုယွမ်က ခဏငြိမ်သွားပြီး သေသေချာချာတွေးတောကာ လေးလေးနက်နက်ပြောလိုက်သည်။
''တစ်နေ့ကို ၂ ကြိမ် ရိတ်သိမ်းမယ်ဆိုရင် ခန့်မှန်းခြေအားဖြင့် ကြက် ၁၀ ကောင်နဲ့ ယုန် ၁၀ ကောင်ပေါ့။ငါတို့ဒါကို ငါတို့ ဘာသာ ကုန်အောင် မစားနိုင်ဘူး။ပိုတာတွေကို ဈေးမှာ ရောင်းချပြီး ငွေတုံးတွေ အဖြစ်ပြောင်းလိုက်မယ်ဆိုရင် ငါတို့ အခြားအရာတွေ အတွက် စိတ်ပူစရာ သိပ်မလိုဘူး''''အမှန်ပဲ ငါတို့ ဒီကြက်နဲ့ ယုန်တွေကို တစ်ခါရောင်းပြီးရင် ငါတို့ သမားတော်ပင့်ပြီး ရှင့်ကို ကုသလို့ရပြီ။ဒါဆိုရင် ရီ လည်း မြန်မြန်သက်သာလာမယ်'' အမေချန်က အိပ်ရာပေါ်၌ လတစ်ဝက်ကျော်ကျော် လဲလျောင်းနေရသော သူမခင်ပွန်းအား ကြည့်ကာ သက်ပြင်းချလိုက်သည်။
ချန်ရှောင်ရှောင်က မိသားစုရဲ့ ဘဏ္ဍာရေးအခြေအနေ နဲ့ပက်သက်ပြီး လုံးဝကို နားလည်သည်။ထို့ကြောင့်သူမက နူးညံ့စွာ ပြောလိုက်သည်။
''သမီး နားလည်ပါတယ်။သမီးတို့ အသီးအရွက်နဲ့ အသား ထက် အခြားအရာတွေလိုအပ်တာ နားလည်ပါတယ်။ဒါတွေကို ရောင်းပြီး သမီးတို့ ငွေစုသင့်တယ်။ပြီးတော့ အိမ်အတွက်အခြားလိုအပ်တာတွေကိုလည်း ဝယ်ရအုံးမယ်''''ပြောတာကောင်းတယ်။ဈေးက နောက်သုံးရက်ဆိုရင် ဖွင်မှာ။ငါတို့ ဒီဟာတွေကို အဲဒီမှာ ရောင်းလို့ရတယ်''
သုံးယောက်သားက ဆက်လက်အြီး အနာဂတ်အတွက် အစီအစဉ်များကို ချမှတ်နေသည်။ကလေးသုံးယောက် အိမ်သို့ပြန်ရောက်တော့ မှသာ ချန်ရှောင်ရှောင် နှင့် အမျိုးသမီးချန်က အဖေချန်၏ အိမ်ထဲမှထွက်ကာ နေ့လည်စာအတွက် ပြင်ဆင်ကြသည်။
နေ့လည်စာ စားပြီးတဲ့အခါ ကလေးသုံးယောက်က သူ့တို့ ဘာသာ ကစားရအောင် တစ်ခါ ထပ်ပြီး ထွက်ခွာသွားခဲ့သည်။အခြားတစ်ဖက်မှာတော့ ချန်ရှောင်ရှောင်က သူမရဲ့ ဒိုင်မေးရှင်းထဲကို ဝင်လိုက်သည်။
YOU ARE READING
QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်း
Fantasyအရင်က shweyee24 accမှာ တင်ထားပေမယ့် wp pw မေ့သွားလို့ ပြန်ဝင်မရတော့လို့  ဒီ acc မှာ ဆက်တင်ပါမယ်ရှင်