12.2

13 3 0
                                    

Chapter - 12.2 (ဒဏ္ဍာရီလာစိတ်ဝိဉာဉ်သားရဲများ)

အိမ်တော်ထိန်း၏ စကားကြောင့် အားလုံးမျှော်
လင့်ချက်လေးရှိလာခဲ့သည်။

သခင်ကြီးနင်လည်း ခေါင်းတချက်ညိတ်ပြီး ပြောလိုက်သည်။

“ ဒါဆို အဲ့သားအမိကိုရအောင်ရှာလိုက်။ ရှာတွေ့ရင် သူတို့ကိုကောင်းကောင်းမွန်မွန် အကူ
အညီတောင်းပြီး ဒီကိုခေါ်လာခဲ့လိုက်”

“ဟုတ်ကဲ့ပါ သခင်ကြီး”

နင်အိမ်တော်ရှိလူများလည်း ထိုသားအမိ၏တည်နေရာကို ရှာဖွေဖို့စိတ်အားထက်သန်လျက်ရှိနေကြသည်။

မှော်နယ်မြေထဲမှာတော့ ချန်ရှောင်းရှောင်းတစ်ယောက် တရုတ်ဂေါ်ဖီများအား ရိတ်သိမ်းလျက်ရှိနေသည်။

ယခုဆိုရင် မှော်နယ်မြေသည် အဆင့်၃အထိ တိုးမြင့်လာခဲ့ပြီဖြစ်သည်။ မုန်လာဥများ၊ ဂေါ်ဖီထုပ်များနှင့် ကြက်သွန်ဖြူများအား သိုလှောင်ခန်းတွင်ထားပြီး ရှောင်းရှောင်းတစ်ယောက် ဒုက္ခတွေ့နေတော့သည်။

သူမအနေနှင့် တူညီသည့် သီးနှံတွေစိုက်သည်ထက် မတူညီသည့်သီးနှံများကို ပိုစိုက်ရမည်ဟု တွေးမိသည်။

ထို့နောက် ချန်အိမ်ရှိ အစားအသောက်များကိုလည်း တွေးမိသည်။ ထို့ကြောင့် သူမသည် စပါး၊ ပြောင်းနှင့် တခြားသီးနှံများကိုပါ စိုက်မြည်ဟုတွေးလိုက်သည်။

ထို့နောက် သူမသည် မှော်နယ်မြေထဲသို့ဝင်ကာ
စပါးစိုက်ရန် ဆယ်ဧကအပြင် အပိုငါးဧကတွင်ပါ မျိုးစေ့များကြဲလိုက်သည်။

နောက်နေ့မနက်၌ စပါးများကို ရိတ်သိမ်းရမည်ကိုတွေးရင်း ရှောင်းရှောင်းတစ်ယောက် ပျော်နေမိသည်။

ထို့နောက် အိမ်ပြင်သို့ထွက်လာကာ ရေကန်နံဘေးတွင် သထိုင်လိုက်သည်။ ရေကန်
ထဲရှိ ငါးများလည်း ကြီးထွားလာပြီဖြစ်သည်။ ယနေ့ညစာအား ငါးစွပ်ပြုတ် စားရတော့မည်ကိုတွေးရင်း သူမပျော်မိပြန်သည်။

သို့ပေမယ့် သူမဖခင်၏ရောဂါကိုရော ဘယ်လိုကုသရမလဲ။

ရှောင်းရှောင်းလည်း စဉ်းစားနေရင်း ညမှောင်လာပြီဖြစ်သောကြောင့် အိမ်ထဲသို့ဝင်ကာ မိခင်ဖြစ်သူအား ညစာပြင်ဆင်ရာတွင် ကူညီပေးလိုက်သည်။

အငယ်လေးများသည် ငါးစွပ်ပြုတ်အားတွေ့သောအခါ ဘယ်ကရလာသည်ကိုပင် မသိချင်
တော့ပဲ အားပါးတရ စားကြတော့သည်။

ထိုအချိန်တွင် အမျိုးသမီးချန်သည် ယောက်ျားအား ငါးစွပ်ပြုတ်အား တစ်ဇွန်းချင်းတိုက်နေသည်။

ချန်ပိုယွမ်သည် ငါးစွပ်ပြုတ်၏အရသာအား သဘောကျသွားကာ သူ့မိန်းမအားမေးလိုက်သည်။

“ မိန်းမ ဒီငါးစွပ်ပြုတ်ကို သောက်ကြည့်ပြီးပြီ
လား”

“အင်း သောက်ပြီးပါပြီ။ ရှင်က ဒီငါးစွပ်ပြုတ်ကိုလည်း စိတ်ဝိဉာဉ်ဟင်းလျာလို့ပြောမလို့လား”  အမျိုးသမီးချန်သည် သက်ပြင်းချလျက်ပြောလိုက်သည်။

ချန်ပိုယွမ်သည် ဘာမှမပြောတော့ပဲ စွပ်ပြုတ်ကို
သာမရပ်မနား သောက်နေလိုက်သည်။

အမျိုးသမီးချန်သည် နူးညံစွာဆိုလိုက်သည်။
“ကျွန်မမဖြင့် ဒီအခြေအနေကို ကောင်းတာလား ဆိုးတာလားတောင်မသိတော့ပါဘူးရှင်”

“ကံကောင်းတယ်လို့ပဲတွေးပါ”

ချန်ပိုယွမ်သည် စိတ်ပိုင်းဖြတ်ထားသော အကြည့်ဖြင့်ဆိုသည်။

“ဒါကဒုက္ခဆိုရင်တောင် ကောင်းချီးအဖြစ်ငါတို့
ပြောင်းလဲရမယ်။ ဒါဆို ငါတို့ကို ဘယ်သူမှအနိုင်ကျင့်ရဲတော့မှာမဟုတ်ဘူး”

အမျိုးသမီးချန်လည်း ခေါင်းငြိမ့်လိုက်သည်။
“အင်းပါ”

ထို့နောက် ချန်ပိုယွမ်က ဆက်ပြောလိုက်သည်။

“ယွီချင်း သမီးကိုစိတ်မပူပါနဲ့တော့။ မင်းအခု ကျန်းယွမ်တို့ မောင်နှစ်မကိုပဲ စာဖတ်တာနဲ့ ကိုယ်ခံပညာမှာပါ နောက်မကျစေနဲ့”

“ဟုတ်ကဲ့ပါ”

အမျိုးသမီးချန် နူးညံ့စွာဆိုလိုက်သည်။

ထို့နောက် အမျိုးသမီးချန်သည် ယောကျာ်းအား မေးလိုက်သည်။

“ ကျွန်မတို့ ကြက်တွေနဲ့ယုန်တွေကို ဈေးထဲမှာ ထပ်သွားရောင်းမလားလို့”

ချန်ပိုယွမ်အနေနှင့် သမီးနှင့်ဇနီးအား ဈေးထဲတွင် ဈေးမရောင်းစေချင်ပေ။

အမျိုးသမီးချန်သည် စကားဆက်ပြောလိုက်
သည်။

“ရှောင်းရှောင်းပြောတာတော့ မနက်ဖြန် မှော်နယ်မြေထဲက စပါးတွေရိတ်သိမ်းရမယ်တဲ့။ ဒါဆို ကျွန်မမတို့ စားဝတ်နေရေးအတွက်တော့ စိုးရိမ်စရာမလိုတော့ပါဘူး”

“ဒါပေမဲ့… ရှင့်ဆေးဖိုးဝါးခအတွက်တော့ လိုနေသေးတယ်”

“ စိတ်မပူပါနဲ့ ဖြေးဖြေးပေါ့။ အခုတလော ရှောင်းရှောင်း ယူလာတဲ့ ဆေးဖက်ဝင်အပင်တွေကလည်း သက်သာပါတယ်”

(ဆက်ရန်)

QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်းWhere stories live. Discover now