4.1
(Z& U)
''ဒါက ကောင်းတယ်။ကျေးဇူးတင်ပါတယ် ဘုရားသခင်''
အမျိုးသမီးချန်က စိတ်ပူနေသော်လည်းပြုံးလိုက်ပြီး ကြိုးနှင်ချည်ကာ ခြံထဲရှိမြေပေါ်၌ ချထားသော ကြက်နှစ်ကောင်အား ကြည်ကာ ယူလိုက်ပြီး
'' ဒီကြက်နှစ်ကောင်ကို မင်းတို့အဖေအတွက် အရသာရှိတဲ့ တစ်ခုခုလုပ်ပေးရမယ်''ထို့နောက် သူမက သူမအား မျှော်လင့်တကြီး ကြည့်နေသော ကလေးများအားကြည့်ကာ
အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။''သူက စွပ်ပြုပ်ကို သောက်နိုင်ပြီး မင်းတို့တွေက အသားကိုစား''
''ရေး . . . ဒီည ငါတို့ ကြက်သားနဲ့ စားရတော့မယ် ကွ''
''မားမား ကျွန်တော်က ဘပေါင်သားစားချင်တယ်''
အငယ်ဆုံးနှစ်ယောက်ဖြစ်သော ကျန့်ဘင်နှင့် လန်လန်က တောက်ပစွာ ပြုံးလိုက်ပြီး သူတို့လက်ခုပ်များကို တီးကာ ပျော်ရွှင်စွာ အော်လိုက်သည်။
အမျိုးသမီးချန်၊ ချန်ရှောင်ရှောင် နှင့် ကျန့်ယွမ် တို့က သဘောကျစွာ ရယ်လိုက်သည်။
သေးငယ်သော ယာတောအိမ်လေးထဲ၌ ရယ်သံများနှင့်ပြည့်နေလေသည်။
ထို့နောက်မိသားစုက တာဝန်ကိုယ်စီယူလိုက်ကြသည်။ကြက်ကို သတ်ခြင်း၊ မီးမွှေးခြင်း တို့ပြုလုပ်ကာ အငယ်ဆုံးလေး နှစ်ယောက်က မုန်လာဥဖြူတစ်ခုကို တစ်ယောက် တစ်ဝက်စီ တစ်ရွှမ်းရွှမ်း မည်အောင်ကိုက်ရင်း ကျေနပ်စွာ စားနေကြသည်။
ညစာ စားချိန်၌
မောင်နှမ လေးယောက်သည် စားပွဲပတ်လည်ရှိ သက်ဆိုင်ရာ ခုံလေးများ၌ ထိုင်ကာ သူတို့အားလုံး၏ မျက်လုံးများက ပန်းကန်လုံးထဲရှိ အသားပေါ်၌ စူးစိုက်ကာ ကြည့်နေကြကာ သွားရည်များမျိုချနေကြသော်လည်း မည်သူမှ တူများအား မထိကြသေးပေ။
''ရှောင်ရှောင်. . . . .''
ချန်ရှောင်ရှောင်က အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။အမျိုးသမီးချန်က သူမဆီလမ်းလျှောက်လာပြီး
''ရှောင်ရှောင် မင်းအဖေက ဘမင်းနဲ့ စကားပြောချင်နေတယ်''
YOU ARE READING
QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်း
Fantasyအရင်က shweyee24 accမှာ တင်ထားပေမယ့် wp pw မေ့သွားလို့ ပြန်ဝင်မရတော့လို့  ဒီ acc မှာ ဆက်တင်ပါမယ်ရှင်