7.1
''ရှောင်ရှောင်ကို လုပ်ခွင့်ပြုလိုက်ပါ''
ချန်ပိုယွမ်၏ အကြံပြုသော စကားကို ကြားသောအခါ ချန်ရှောင်ရှောင်က သူမ အဖေ၏ စူးရှသော အကြည့်အောက်မှ ပြေးထွက်လာခဲ့သည်။
ထို့နောက်မှာတော့ မိသားစုထဲရှိ လူတိုင်းက သူတို့၏ ကိုယ်ပိုင်တာဝန်များကို လုပ်ဆောင်ကြသည်။ချန်ရှောင်ရှောင်ကတော့ ဆေးကြိုဖို့ တာဝန်ကျသည်။
ညစာကတော့ များပြားသော အသားများနှင့် အစားအစာများလူတိုင်း အလုံအလောက် စားကြရသည်။လူတိုင်းကလည်း ပျော်ရွှင်ကျေနပ်နေခဲ့ကြပြီး အထူးသဖြင့် ကောင်းလေးနှစ်ယေညက်ဖြစ်သည်။သူတို့တစ်ယောက်စီက ထမင်း ၂ ပန်းကန်တောင်ယူကြသည်။သူတို့၏ ပူထွက်နေသော ဝမ်းဗိုက်များကို ပုတ်လိုက်ကာ ပျော်ရွှင်စွာ ရယ်မော နေခဲ့သည်။
ညအချိန်၌ သူတို့မိဘများ၏ အိမ်ကလေးတစ်ခုသာ မီးရောင် ခပ်မှိန်မှိန်မြင်ရပြီး ကျန်သော ကလေး ၄ ယောက်ကတော့ သူတို့၏ ကိုယ်ပိုင် အိမ်လေးများထဲတွင် အိပ်မော ကျနေခဲ့သည်။
ချန်ရှောင်ရှောင်က သူမ၏ ဒိုင်မေးရှင်းထဲသို့ ဝင်လိုက်သည်။သူမက ရိပ်သိမ်းလို့ရသမျှကို အကုန် ရိတ်သိမ်းလိုက်သည်။သူမက မုန်လာဥဖြူနှင့် တရုတ်ဂေါ်ဖီထုတ်များကို ပိုစိုက်ပျိုးလိုက်သည်။သူမက ဒိုင်မေးရှင်းထဲသို သူမဆန္ဒရှိသလို ဝင်ထွက်သွားလာလို့သော်လည်း မျက်လုံးများစွာရှိသဖြင့် သူမလုပ်ချင်သလို လုပ်မရပေ။သူမက သူမရဲ အိမ်လေးထဲ၌ ထိုင်နေခဲ့ပြီး စိတ်ဓာတ်ကျနေခဲ့သည်။
သူမက သူမ၏ မိဘများအား အမှန်တရာကို ပြောပြရမလားဆိုတာ ရုန်းကန်နေခဲ့ရသည်။ထိုအခါ သူမ၏ ဒိုင်မေးရှင်းထဲမှ ပစ္စည်းများကို အလွယ်တကူ ထုတ်ယူနိုင်သလို ရှင်ပြနေစရာလည်း မလိုပေ။
မဟုတ်ရင် ဂူထဲကနေ အခြားတိရစ္ဆာန်ရလာတာပါ လို့ပဲပြောရမှာလား။ဘယ်သူမှ တော့ အဲလောက်မတုံးအပေ။သူမ ဘာလုပ်ရမလဲ။
ရှေ့လျှောက် အချိန်တွေကြာလာလေ သူတို့အား ဒီအမှန်တရားကိုရှင်းပြဖို့ ခက်လိမ့်မည်။သူမသာ အခုအခြေအနေအား အနည်းငယ် သူတို့အား ပြောပြထားပါက ဒီအခြေအနေနဲ့ပက်သက်ပြီ သူတို့ ကူညီနိုင်လောက်သည်။
YOU ARE READING
QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်း
Fantasiaအရင်က shweyee24 accမှာ တင်ထားပေမယ့် wp pw မေ့သွားလို့ ပြန်ဝင်မရတော့လို့  ဒီ acc မှာ ဆက်တင်ပါမယ်ရှင်