Chapter - 15(ဈေးသို့နောက်တခေါက်)
မောင်ဖြစ်သူအား ပြန်ထူးပြီး ရှောင်းရှောင်းလည်း မိသားစုနှင့်အတူ ညစာစားလိုက်သည်။
ညစာစားပြီးနောက် အမျိုးသမီးချန်သည် ကလေးများကိုသိပ်လိုက်ပြီး ရှောင်းရှောင်းနှင့်
ခြံထဲတွင် ထိုင်နေသည်။မိခင်ဖြစ်သူစိတ်ထဲတွင် တခုခုရှိနေသည်ကိုသတိထားမိသည့် ရှောင်းရှောင်းလည်း မေးလိုက်သည်။
“အမေ ဘာဖြစ်လို့လဲဟင်”
“ဘာမှမဖြစ်ပါဘူး ရှောင်းရှောင်းရဲ့”
အမျိုးသမီးချန်သည် ခေါင်းကိုခါယမ်းလျက် ပြန်ဖြေလိုက်သည်။ သို့ပေမဲ့ သူမ၏ စိတ်ထဲတွင်တော့ တစ်ခုခုဖြစ်နေပုံရ၏။
ရှောင်းရှောင်းသည် ခဏတာ တိတ်ဆိတ်ပြီး
နောက် ပြုံးလျက် မိခင်အားပြောလိုက်သည်။“အမေ ဘာပဲဖြစ်ဖြစ် အမေ သမီးနဲ့တိုင်ပင်လို့
ရပါတယ်”“တကယ် ဘာမှမဖြစ်ပါဘူး သမီးရယ်” အမျိုး
သမီးချန်သည် ရှောင်းရှောင်း၏လက်အား ညင်
သာစွာဆုပ်ကိုင်လိုက်ပြီး ချစ်မြတ်နိုးစွာပြော
သည်။“ဒီခက်ခဲတဲ့ကာလတွေမှာ အမေတို့ကို ကူညီပေးလို့ကျေးဇူးတင်ပါတယ် သမီးလေးရယ်”
“အမေရယ် အဲလိုမတွေးပါနဲ့ သမီးတို့ကမိသားစုတွေမဟုတ်လား အော် ဒါနဲ့ သမီး မှော်နယ်မြေထဲကနေ ဆန်တွေရထားတယ် အဲဒါ အပြင်ကို
ထုတ်လာခဲ့မယ် အခုကစပြီး သမီးတို့နေ့တိုင်း
ထမင်းစားလို့ရပြီ” ရှောင်းရှောင်းသည် မိခင်
မပြောချင်မှန်းသိသောကြောင့် အကြောင်းအရာ
ကိုပြောင်းလိုက်သည်။အမျိုးသမီးချန်သည် အံ့အားသင့်စွာမေးလိုက်
သည်။
“ဟင် စပါးတွေရိတ်သိမ်းပြီးပြီပေါ့ ဟုတ်လား”
မနေ့ကမှ စိုက်ထားသောစပါးများကိုရိတ်သိမ်း
ပြီးပြီဆိုသောကြောင့် သူမလန့်သွားခြင်းဖြစ်
သည်။သမီးဖြစ်သူ ခေါင်းငြိမ့်ပြလိုက်သောအခါ အမျိူး
သမီးချန်သည်တောက်ပစွာပြုံးလျက်ပြော
သည်။“သမီး ဒါဆို အမေတို့ ဒီနှရက်အတွင်းဈေးကို
သွားရအောင်လေ။သမီးအဖေအတွက်ဆေး
လေးဘာလေးနဲ့လဲလို့ရတာပေါ့”
YOU ARE READING
QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်း
Fantasyအရင်က shweyee24 accမှာ တင်ထားပေမယ့် wp pw မေ့သွားလို့ ပြန်ဝင်မရတော့လို့  ဒီ acc မှာ ဆက်တင်ပါမယ်ရှင်