Chapter - 14.2 ( ထပ်မံအဆင့်မြှင့်တင်ခြင်း)
“မင်းက ကလေးပဲရှိသေးတာ ဘာသိမှာလဲ ကျန်းယွမ်ရဲ့”
ချန်ရှောင်းရှောင်းသည် ကျန်းယွမ်အား တချက်ကြည့်ပြီး ပြောလိုက်သည်။
ချန်ကျန်းယွမ်ကတော့ ထိုအကြည့်ကိုဂရုမစိုက်ဘဲ ထပ်ပြောလိုက်သည်။
“အစ်မ အကိုလျှိုကတော့ အစ်မကို တကယ်
သဘောကျနေတဲ့ပုံပဲ”“အဓိပ္ပာယ်မရှိတာ မင်းကမှရွာထဲကကောင်မ
လေးတစ်ယောက်ကို သဘောကျနေတာမလား”“မဟုတ်ပါဘူး ကျွန်တော်က ရုပ်ဆိုးတဲ့သူတွေကို ဘာလို့သဘောကျရမှာလဲ”
“တကယ်လား”
“တကယ်ပေါ့”
“ဒါဆိုနောက် သူတို့ရွာဆီသွားမကစားနဲ့တော့”
“အစ်မ………”
အမျိုးသမီးချန်သည် မီးဖိုရှေ့တွင် အချေအတင်
စကားပြောနေကြသည့် မောင်နှမနှစ်ယောက်
အား သတိထားမိလိုက်သည်။ ထို့နောက် အရွယ်ရောက်နေပြီဖြစ်သည့် သမီးကြီးအားကြည့်ရင်း ဝမ်းနည်းစွာတွေးမိသည်။သူတို့သာ ဤနေရာ၌ ပိတ်မိမနေဘူးဆိုပါက ရှောင်းရှောင်းတစ်ယောက် ခင်ပွန်းတစ်ယောက်လောက်ရှာဖို့ အချိန်ရောက်နေပြီမဟုတ်လား။
ချန်ရှောင်းရှောင်းသည် ဆေးပင်များအား ခြံဝန်း
ထဲတွင်ချလိုက်ပြီး မီးဖိုချောင်ရှေ့တွင် မတ်တပ်ရပ်နေသည့် မိခင်အားမြင်သောအခါ ပြုံးလျက်မေးလိုက်သည်။“ဘာဖြစ်လို့လဲ အမေ”
“အို.. ဘာမှမဖြစ်ပါဘူး နည်းနည်းပင်ပန်းသွားလို့ပါ။ သမီးတို့ ခြေလက်သွားဆေးကြတော့။
ခဏနေရင် ညစာစားကြမယ်”“သား မြစ်ဆိပ်သွားပြီး ရေချိုးလိုက်မယ်”
ကျန်းယွမ်တစ်ယောက် အိမ်ထဲမှ အဝတ်အစားများကို ယူလိုက်သည်။ကောင်လေးနှစ်ယောက်သည် မြစ်ထဲသို့ရေဆင်းချိုးရသည်ကို လွန်စွာနှစ်ခြိုက်ကြသည်။မိဘများကလည်း မတားသောကြောင့် ထိုအရာသည် သူတို့ ညီကိုအဖို့ ပျော်ရွှင်ဖွယ်ဖြစ်လာတော့သည်။
“အမေ သမီး ရေချိုးတာ ၁၅မိနစ်လောက်
စောင့်နော်”ချန်ရှောင်းရှောင်းလည်း ပြုံးကာပြောလိုက်သည်။
YOU ARE READING
QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်း
Fantasyအရင်က shweyee24 accမှာ တင်ထားပေမယ့် wp pw မေ့သွားလို့ ပြန်ဝင်မရတော့လို့  ဒီ acc မှာ ဆက်တင်ပါမယ်ရှင်