3.2
(Z& U)တစ်နာလောက်ကြာတော့
ချန်ရှောင်ရှောင်က ပိုပြီးချောင်ကျသော ချိုင့်ဝှမ်းနားမှာ ဂူတစ်ခုကိုတွေ့လိုက်ရသည်။ဂူက ကြည့်ရတာ မှောင်မဲနေပြီးတော့ ဆန်းကျယ်ပုံရသည်။သူမက အတွင်းထဲကို ဆက်လက် စူစမ်းကြည့်လိုပေမယ့် နည်းနည်းလောက် စဉ်းစားပြီးတော့သူမက နေရာမှာဘဲ ရပ်တန့်လိုက်သည်။ထို့နောက် သူမက ကြက်၊ ယုန် နှင့် မုန်လာဥဖြူများကို ယူကာ ဂူထဲ၌ ထားလိုက်သည်။
အားလုံးကို အစီအစဉ်တကျနေရာချပြီးတဲ့ နောက်မှာတော့ သူမက လာခဲ့တဲ့လမ်းအတိုင်း ပြန်ထွက်လာခဲ့သည်။သူမ ပြန်ထွက်လာပြီးပြီချင်း သူမရဲ့မောင်ငယ်နှစ်ယောက်အားတွေ့လိုက်ရသည်။သူတို့က ခင်းများကို လုံလောက်စွာ စုဆောင်းပြီးပြီဖြစ်သည်။သူမက အချိန်ဆွဲမနေတော့ဘဲ သူတို့ကို အော်ခေါ်လိုက်သည်။
''ကျန့်ယွမ်. . .ကျန့်ဘင်''
''အကြီးဆုံးအမ ပြန်ပြီလား''
''အကြီးဆုံးအမ လက်ထဲကဘာတွေလဲ ။အမ်. . . ကြက်နှစ်ကောင်လား''
ချန်ရှောင်ရှောင်က ကြက်နှစ်ကောင် နှင့် မုန်လာဥဖြူ ၁၀ လုံး ကို သူမ၏ ဒိုင်မေးရှင်းထဲမှ လျှို့ဝှက်စွာ ထုတ်ယူခဲ့ခြင်းဖြစ်သည်။ညီအစ်ကို နှစ်ယောက်က သူမလက်ထဲရှိ မုန်လာဥဖြူများကို အထူးအဆန်း သိချင်စိတ်ပြင်းပြစွာ စိုက်ကြည့်နေကြသည်။
''အဟမ်း . . .ကျန့်ယွမ် နဲ့ ကျန့်ဘင် ငါဆေးပင်ရှာရင်းနဲ့ ဂူတစ်လုံးထဲမှာ ဒီကြက်နှစ်ကောင် နဲ့ ဒါတွေကို တွေ့ခဲ့တာ''
'' ဘယ်လို ဒီကြက်နဲ့ ဒါတွေကို ဂူတစ်လုံးထဲက တွေ့ခဲ့တာဟုတ်လား။သွားကြမယ် ဂူထဲကကြက်တွေ ထပ်ဖမ်းကြမယ်''
ငယ်ရွယ်သော ကျန့်ဘင်က အလွန်ကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဘာဖြစ်လို့ ထင်းကို ကောက်နေတော့မလဲ ကြက်ပဲ ဖမ်းတော့မှာပေါ့ မဟုတ်ဘူးလား။သူတို့မိသားစုအနေဖြင့် အသား မစားရသည်မှာ အချိန် အတော် ကြာပြီဖြစ်သည်။
ကျန့်ယွမ်ကတော့ သူ့ကိုယ်သူ အတော်လေး တည်ငြိမ်အောင်ထိန်းနိုင်လေသည်။သူက စကားတစ်လုံးမှ မပြောဘဲ သူ့အစ်မကြီးကို ကြည့်လိုက်သည်။
YOU ARE READING
QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်း
Fantasíaအရင်က shweyee24 accမှာ တင်ထားပေမယ့် wp pw မေ့သွားလို့ ပြန်ဝင်မရတော့လို့  ဒီ acc မှာ ဆက်တင်ပါမယ်ရှင်